အမြန်လမ်းမကြီးတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား သံဃာတော်တစ်ပါး ပျံလွန်တော်မူ၊ သုံးဦးသေဆုံး

ရန်ကုန်၊ မတ် ၂၈

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် အိမ်စီးကားတစ်စီး တိမ်းမှောက်မှုကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး၊ သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၁၈/၄) တွင် မတ်လ ၂၈ ရက်၊ နံနက် ၆ နာရီခန့်က၊ အိမ်စီးကားတစ်စီး အရှိန်လွန်ကာတိမ်းမှောက်ခဲ့ပြီး၊ သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး၊ သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ကားမှောက်တာတော့ ကားကအရှိန်လွန်ပြီးတိမ်းမှောက်တာပါ။ သေဆုံးသူကတော့ ဦးဇင်းတစ်ပါးအပါ အမျိုးသမီးတစ်ဦးရယ်။ ကျားနှစ်ဦးရယ်။ ကျားနှစ်ဦးကတော့ ကလေးတွေပါ။ ကားပေါ်မှာ စုစုပေါင်းငါးဦးပါတာ။ သေဆုံးတာလေးဦးပါ။ တစ်ဦးကတော့ ဒဏ်ရာရတယ်။ မစိုးရိမ်ရပါဘူး။ ဒီသုံးလပိုင်းထဲမှာတော့ ပန်းတင်မှာ ယာဉ်တိုက်မှုက ဒီတစ်ကြိမ်ပဲရှိပါသေးတယ်။” ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ယာဉ်တိမ်းမှောက်မှုတွင် သေဆုံးသွားသည့် ရုပ်အလောင်းများကို M-Rescue Magway လူမှုကူညီရေးအသင်းနှင့် အမြန်လမ်းမီးသတ်တပ်တို့က နေပြည်တော်ကုတင်(၁၀၀၀)ဆေး ရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် အမြန်လမ်း၌ ယာဉ်မီးလောင်မှု ၄ မှု၊ ယာဉ်တိုက်မှု ၆ မှုနှင့် သေဆုံးသူ ၅ ဦးရှိခဲ့ပြီး၊ ဒဏ်ရာရှိသူ ၂၃ ဦးရှိခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ-M-Rescue Magway
ယနေ့ခေတ်

အမြန်လမ်းမကြီးတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား သံဃာတော်တစ်ပါး ပျံလွန်တော်မူ၊ သုံးဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.