နိုင်ငံတော်သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရွေးချယ်

ရန်ကုန်၊ ဧပြီ ၃

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နိုင်ငံတော်သမ္မတရွေးချယ်ပွဲကို ဧပြီလ ၃ ရက်၊ နံနက်ပိုင်းကကျင်းပပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သမ္မတအဖြစ်ရွေးချယ်ခဲ့ကြောင်း သိရသည်။

ဒုတိယသမ္မတသုံးဦးအနက် နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ရာတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၅၈၄ ဦးရှိသည့်အနက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဆန္ဒမဲ ၄၂၉ မဲနှင့် သမ္မတအဖြစ်ရွေးချယ်ခံရပြီး၊ ဦးညိုစောသည် ဆန္ဒမဲ ၁၂၆ မဲနှင့် ဒုတိယသမ္မတ (၁)၊ ဒေါ်နန်းနီနီအေးသည် ဆန္ဒမဲ ၂၉ မဲနှင့် ဒုတိယသမ္မတ (၂) အဖြစ် အသီသီးရွေးချယ်တင်မြှောက်ခံရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လေးဦးမြောက်ရွေးချယ်တင်မြှောက်ခံရသည့် နိုင်ငံတော်သမ္မတဖြစ်သည်။

ဒေါ်နန်းနီနီအေးသည် ပထမဦးဆုံးသော အမျိုးသမီး ဒုတိယသမ္မတဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် ဒုတိယနေ့အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဧပြီ ၆ ရက်(တနင်္လာနေ့) နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ခေတ်
ဓာတ်ပုံ – MOI
ပုံစာ – ဧပြီလ ၂ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး

နိုင်ငံတော်သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရွေးချယ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.