နတ်မောက်မြို့တွင် ကားတစ်စီးတိမ်းမှောက်ပြီး မီးလောင်၊ အမျိုးသားတစ်ဦး မီးလောင်သေဆုံး

ရန်ကုန်၊ ဧပြီ ၃

မကွေးတိုင်း၊ နတ်မောက်မြို့တွင် အိမ်စီးကားတစ်စီးတိမ်းကာ မီးလောင်မှုဖြစ်ပေါ်ခဲ့ပြီး အမျိုးတစ်ဦး မီးလောင်ကာသေဆုံးခဲ့ကြောင်း သိရသည်။

ဧပြီလ ၂ ရက်၊ နံနက် ၈ နာရီကျော်က နတ်မောက်မြို့၊ ရွာမွန်ကျေးရွာအုပ်စု၊ နတ်မောက်မြို့အထွက်လမ်းတွင် အိမ်စီးကားတစ်စီး အရှိန်လွန်ကာတိမ်းမှောက်ခဲ့ပြီး၊ ကားအတွင်းရှိ ဘက်ထရီရှော့ဖြစ်ရာက မီးလောင်မှုဖြစ်ပေါ်ခဲ့ကာ အမျိုးသားတစ်ဦး မီးလောင်သေဆုံးသွားကြောင်း သိရသည်။

“ကားထဲမှာတော့ တစ်ယောက်ထဲမောင်းလာတာ။ ကားကတော့ အိမ်စီးကားပဲ။ ရွာမွန်နာမှာပေါ့ အရှိန်မထိန်းနိုင်ပဲ လမ်းဘေးမြောင်းထဲကိုထိုးကျတာ။ အဲ့ဒီမှာ ဘက်ထရီကနေရှော့ဖြစ်ပြီး မီးစလောင်တာပါ။ ကားရဲ့တန်ဖိုးကတော့ သိန်းလေးရာငါးဆယ်ခန့်လောက်တော့ရှိမယ်။” ဟု နယ်မြေခံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မီးလောင်မှုကို နယ်မြေခံမီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်ခဲ့ပြီး၊ မီးလောင်ရာတွင်သေဆုံးသွားသည့် အမျိုးသား၏ရုပ်အလောင်းကို စိတ်ဓာတ်ဖြူစင်ဂရုဏာရှင်အသင်းမှ နတ်မောက်မြို့ပြည့်သူဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ-MFSD
ယနေ့ခေတ်

နတ်မောက်မြို့တွင် ကားတစ်စီးတိမ်းမှောက်ပြီး မီးလောင်၊ အမျိုးသားတစ်ဦး မီးလောင်သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.