ရန်ကုန်၊ ဧပြီ ၆
အကောက်ခွန်ဦးစီးဌာနသည် သင်္ကြန်ရုံးပိတ်ရက်များဖြစ်သည့် ဧပြီ ၁၁ ရက်၊ ဧပြီ ၁၃ ရက်၊ ဧပြီ ၁၄ ရက်နှင့် ဧပြီ ၁၅ ရက်နေ့တို့တွင် ရုံးလုပ်ငန်းများ အချိန်ပြည့်လုပ်ဆောင်သွားမည်ဟု သိရသည်။
အကောက်ခွန်ဦးစီးဌာနသည် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့် အပြည်ပြည်ဆိုင်ရာလေကြောင်းများမှတစ်ဆင့် တင်သွင်း/ တင်ပို့မည့်ကုန်ပစ္စည်းများအား မဟာသင်္ကြန်ရုံးပိတ်ရက်ဖြစ်သော ဧပြီ ၁၁ ရက်၊ ဧပြီ ၁၃ ရက်၊ ဧပြီ ၁၄ ရက်နှင့် ဧပြီ ၁၅ ရက်နေ့တို့တွင် ရုံးချိန်ပြည့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ ထို့ ပြင် နိုင်ငံတော်လိုအပ်ချက်အရ အရေးတကြီးတင်သွင်းလာသောကုန်ပစ္စည်းများ ထုတ်ယူနိုင်ရေးအတွက် ကြိုတင်လျှောက်ထားပါက တင်သွင်း/တင်ပို့ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အချိန်ပိုဆောင်ရွက်လိုသော ကုမ္ပဏီများအနေဖြင့် တင်သွင်း/တင်ပို့လိုသော ကုန်ပစ္စည်းများနှင့်ပတ်သက်၍ အကောက်ခွန်ဦးစီးဌာနတွင် ကျသင့်ခွန်နှင့်ပတ်သက်သော Deposit ငွေလုံလောက်စွာ ထားရှိသွားရန်နှင့် အချိန်ပိုလုပ်ငန်းဆောင်ရွက်လိုမှုအား ဧပြီလ ၁၀ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်ထက်နောက်မကျဘဲ အကောက်ခွန်ဦးစီးဌာနသို့ လျှောက်ထားရမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ယနေ့ခေတ်
ဓာတ်ပုံ – MPA
သင်္ကြန်ရုံးပိတ်ရက်လေးရက်တွင် ပို့ကုန်/သွင်းကုန်များအတွက် အကောက်ခွန်လုပ်ငန်းများ လုပ်ဆောင်မည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်