အီရန်နှင့်ဆွေးနွေးပွဲများ သဘောတူညီမှု မရရှိခဲ့ကြောင်း ဒုသမ္မတ ဂျေဒီဗန့်စ် ပြောကြား

အစ္စလာမာဘတ်၊ ဧပြီ ၁၂

အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ်က အီရန်နှင့်ဆွေးနွေးပွဲများသည် သဘောတူညီချက် မရရှိခဲ့ကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပြီး နောက်ဆုံးနှင့် အကောင်းဆုံးကမ်းလှမ်းချက်ကိုတင်ပြပြီးနောက် ထွက်ခွာသွားမည်ဟု ပြောကြားသည်။

အီရန်က ဝါရှင်တန်သည် မဆင်မခြင်တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။

ဗန့်စ်က ဆွေးနွေးပွဲများမတိုင်မီ အစ္စရေးနှင့်တိုက်ခိုက်မှုများကို နှစ်ပတ်ကြာရပ်ဆိုင်းထားမည်ဟု ပြောကြားခဲ့သော အမေရိကန်၏ ကမ်းလှမ်းချက်ကိုစဉ်းစားရန် အီရန်အား အချိန်ပေးနေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပြီး AFP သတင်းဌာနက ဖော်ပြခဲ့သည်။

“ ကျွန်ုပ်တို့သည် အလွန်ရိုးရှင်းသော အဆိုပြုချက်တစ်ခု၊ ကျွန်ုပ်တို့၏ နောက်ဆုံးနှင့် အကောင်းဆုံး ကမ်းလှမ်းချက်ဖြစ်သည့် နားလည်မှုနည်းလမ်းဖြင့် ဤနေရာမှ ထွက်ခွာသွားပါသည်။ အီရန်လက်ခံမလားဆိုတာ စောင့်ကြည့်ရမည်” ဟု ဗန့်စ်က ပါကစ္စတန်မြို့တော် အစ္စလာမာဘတ်တွင် ၂၁ နာရီကြာ ဆွေးနွေးပြီးနောက် သတင်းထောက်များအား ပြောကြားသည်။

ဗန့်စ်က အဓိက အငြင်းပွားမှုမှာ နျူကလီးယားလက်နက်များဖြစ်ကြောင်း ပြောကြားခဲ့သည်။ အီရန်က အဏုမြူဗုံးကို မလုပ်ဆောင်ကြောင်း အခိုင်အမာပြောကြားခဲ့ပြီး အမေရိကန်နှင့် အစ္စရေးတို့သည် ဖေဖော်ဝါရီ ၂၈ ရက်တွင်စတင်ခဲ့သော စစ်ပွဲနှင့် ပြီးခဲ့သည့်နှစ်က အီရန်၏အရေးပါသော နေရာများကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

“ ရိုးရှင်းတဲ့အချက်ကတော့ သူတို့ဟာ နျူကလီးယားလက်နက်ကို မရှာဖွေဘူးဆိုတဲ့ အပြုသဘောဆောင်တဲ့ ကတိကဝတ်ကို ကျွန်တော်တို့ မြင်တွေ့ဖို့လိုအပ်ပြီး နျူကလီးယားလက် နက်ကို မြန်မြန်ဆန်ဆန်ရရှိစေမယ့် ကိရိယာတွေကိုလည်း မရှာဖွေပါဘူး” ဟု ဗန့်စ်က ပြောကြားသည်။

“ ရိုးရှင်းတဲ့မေးခွန်းကတော့ အီရန်တွေအနေနဲ့ နျူကလီးယားလက်နက်မတီထွင်ဖို့၊ အခုတင်မကဘူး၊ နှစ်နှစ်အကြာမှာတင်မကဘူး၊ ရေရှည်အတွက်ပါ အခြေခံအားဖြင့် ကတိကဝတ်ကို ကျွန်တော်တို့ မြင်တွေ့နေရပါသလား။”

“ ကျွန်တော်တို့ အဲဒါကို မမြင်ရသေးပါဘူး။ မြင်တွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်။” ဟု ဆိုသည်။

နှစ်ဖက်တွေ့ဆုံခဲ့သည့် အစ္စလာမာဘတ်မြို့က ဇိမ်ခံဟိုတယ်တစ်ခုတွင် ဗန့်စ်က တိုတိုတုတ်တုတ် မှတ်ချက်ပေးခဲ့ပြီး ကမ္ဘာ့ရေနံတင်ပို့မှု၏ ငါးပုံတစ်ပုံဖြတ်သန်းသွားလာသည့် ကျဉ်း မြောင်းသည့် ရေလမ်းကြောင်းဖြစ်သော ဟော်မို့ဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရေးဆိုသည့် နောက်ထပ် အဓိကပြဿနာတစ်ခုနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှုကို အ လေးပေးပြောကြားခြင်းမရှိချေ။

စနေနေ့က ဝါရှင်တန်မှာ နှစ်ဖက်သဘောတူညီမှုရခဲ့ရင်တောင် ဂရုမစိုက်ဘူးဟု ပြောကြားခဲ့သည့် သမ္မတ ဒေါ်နယ်ထရမ့်သည် ဆွေးနွေးပွဲများတွင် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ပေးခဲ့ကြောင်း သူက အခိုင်အမာပြောဆိုသည်။

“ ကျွန်တော်တို့က အတော်လေး ပြောင်းလွယ်ပြင်လွယ်ရှိတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ တော်တော်လေး လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ပေးခဲ့ပါတယ်။ သမ္မတက ကျွန်တော်တို့ကို ခင်ဗျားတို့ ဒီကို ကောင်းမွန်တဲ့ယုံကြည်ချက်နဲ့လာပြီး သဘောတူညီချက်တစ်ခုရဖို့ အကောင်းဆုံးကြိုးစားဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။

“ ကျွန်တော်တို့ အဲဒီလိုလုပ်ခဲ့ပြီး ကံမကောင်းစွာပဲ တိုးတက်မှုမရှိခဲ့ပါဘူး။” ဟု ဗန့်စ်က ဆိုသည်။

အီရန်နိုင်ငံပိုင်မီဒီယာက အမေရိကန်ရဲ့ ‘ကျိုးကြောင်းမဆီလျော်တဲ့’ တောင်းဆိုချက်တွေကြောင့် ဆွေးနွေးပွဲတွေ မအောင်မြင်ခဲ့ဘူးဟု ပြောသည်။

အမေရိကန်ပြည်ထောင်စု၏ ကျိုးကြောင်းမဆီလျော်သည့် တောင်းဆိုချက်များကြောင့် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရေး အစ္စလာမ်မာဘတ်တွင်ကျင်းပသည့် ဆွေးနွေးပွဲများ ပျက်ပြားသွားခဲ့သည်ဟု အီရန်နိုင်ငံပိုင် ရုပ်သံလိုင်း IRIB က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

“ အီရန်ကိုယ်စားလှယ်အဖွဲ့ဟာ အီရန်ပြည်သူတွေရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဖို့အတွက် ၂၁ နာရီကြာ စဉ်ဆက်မပြတ်နဲ့ အပြင်းအထန်ဆွေးနွေးခဲ့ကြပါတယ်။ အီရန်ကိုယ်စားလှယ်အဖွဲ့ရဲ့ အမျိုးမျိုးသော ကြိုးပမ်းမှုတွေရှိနေပေမယ့် အမေရိကန်ဘက်က ကျိုးကြောင်းမဆီလျော်တဲ့ တောင်းဆိုချက်တွေကြောင့် ဆွေးနွေးပွဲတွေ တိုးတက်မှုကို တားဆီးခဲ့ပါတယ်။ ဒါကြောင့် ဆွေးနွေးပွဲတွေ ပြီးဆုံးသွားခဲ့ပါတယ်” လို့ IRIB က Telegram မှာ ပြောကြားခဲ့ပါတယ်။

အီရန် Tasnim သတင်းဌာနက သတင်းအချက်အလက်အပြည့်အစုံရှိသည့် သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး “ အီရန်ဟာ ဆွေးနွေးပွဲတွေအတွက် အလျင်စလိုမလုပ်ပါဘူး” ဟု Reuters ကို ပြောကြားသည်။

“ အမေရိကန်က ကျိုးကြောင်းဆီလျော်တဲ့ သဘောတူညီချက်တစ်ခုကို သဘောမတူသရွေ့ ဟော်မုဇ်ရေလက်ကြားအခြေအနေက ပြောင်းလဲမှုမရှိပါဘူး” ဟု Tasnim သတင်းတွင် ဖော်ပြထားသည်။

အီရန်အစ္စလာမ္မစ်အစိုးရ၏ နိုင်ငံခြားရေးပြောရေးဆိုခွင့်ရှိသူက ဆွေးနွေးပွဲများသည် “ မယုံကြည်မှုလေထု” တွင် ကျင်းပခဲ့ကြောင်း ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။ “ အစည်းအဝေးတစ်ခုတည်းနဲ့ သဘောတူညီချက်ရလိမ့်မယ်လို့ မမျှော်လင့်သင့်ဘူးဆိုတာ သဘာဝကျပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

Ref: bangkokpost.com
ယနေ့ခေတ်

အီရန်နှင့်ဆွေးနွေးပွဲများ သဘောတူညီမှု မရရှိခဲ့ကြောင်း ဒုသမ္မတ ဂျေဒီဗန့်စ် ပြောကြား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.