ရန်ကုန်၊ ဧပြီ ၁၂
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်အတွင်း ရေဆင်းကူးသည့် လူငယ်ယောင်္ကျားလေးနှစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။
ဧပြီ ၁၁ ရက်၊ ညနေ့ပိုင်းက ဘားအံမြို့၊ ဘားကပ်ကျေးရွာ၊ လင်းနို့ဂူအနီး၊ သံလွင်မြစ်အတွင်း ရေဆင်းကူးရာမှ ရေနစ်သေဆုံးသွားသည့် အသက် ၁၀ နှစ်ကျော် ယောင်္ကျားလေးနှစ်ဦး၏ ရုပ်အလောင်းလောင်းကို ယနေ့ နံနက်ပိုင်းက ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
“ရေကူးရင်း ရေနစ်ပျောက်ဆုံးနေတဲ့ ကလေးနှစ်ယောက် ပြန်တွေ့ပါပြီ။ မနေ့ည ၈ နာရီကျော်လောက်က တစ်ယောက်တွေ့တယ်။ ဒီနေ့မနက် ၈ နာရီကျော်က တစ်ယောက်ထပ်တွေ့တယ်။ အသက်တွေက ၁၅ နှစ်အရွယ်တစ်ယောက်နဲ့ ၁၄ နှစ်အရွယ်တစ်ယောက်။ မိသားစုတွေနဲ့လည်း အဆက်အသွယ်ရပါပြီ။ ဒီရွာခံတွေပဲဆိုတော့။” ဟု လူမှုကယ်ဆယ်ရေးအ သင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ရေနစ်သေဆုံးသွားသည့် ယောင်္ကျားလေးနှစ်ဦး၏ ရုပ်အလောင်းများလောင်းကို ဒေသခံလူမှုကူညီကယ်ဆယ်ရေးအသင်းများက ရှာဖွေပြီးနောက် ဘားအံမြို့ပြည်သူဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ – ဘားအံ
ယနေ့ခေတ်
ဘားအံတွင် သံလွင်မြစ်အတွင်း ရေဆင်းကူးသည့် လူငယ်နှစ်ဦး ရေနစ်သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်