ထိုင်း-မြန်မာနယ်စပ်အနီး လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်း

ရန်ကုန်၊ ဧပြီ ၂၀

KNU ထိန်းချုပ်ထားသည့် မူတြော် (ဖာပွန်) ခရိုင်၊ ဘူးသိုမြို့နယ်၊ သံလွင်မြစ်ဘေးရှိ ဦးမယ်ထာကျေးရွာတွင် ယနေ့ ဧပြီ ၂၀ ရက်၊ နံနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှုကြောင့် ထိုင်း-မြန်မာနယ်စပ်အနီးတွင် နေထိုင်သော ထိုင်းနိုင်ငံသား ရာပေါင်းများစွာကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

သံလွင်မြစ်ကမ်းနံဘေးရှိ ဘန်မဲဆမ်လတ်အနီးရှိ ထိုင်းနယ်စပ်အနီးတွင် အခြေ စိုက်သော ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့များကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ရန်အတွက် မြန်မာနိုင်ငံက Yak-130 နှင့် MiG-29 နှစ်စင်းကို စေလွှတ်ခဲ့ကြောင်း ထိုင်းစစ်ဘက်သတင်းရင်းမြစ်များက ပြောကြားသည်။

ဂျက်လေယာဉ်နှစ်စင်းမှ ဗုံးကိုးလုံးကြဲချခဲ့ပြီး တစ်လုံးမှာ ထိုင်းနယ်စပ်၊ ဘန်မဲဆမ်လတ်အနီးတွင် ကျရောက်ခဲ့ပြီး ရွာသားများထိတ်လန့်ကာ အလျင်အမြန် ပြေးလွှားပုန်းအောင်းခဲ့ကြကြောင်း သတင်းရင်းမြစ်များက ပြောကြားသည်။

ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံအရာရှိများကို ရွားသားများ ဘေးလွတ်ရာသို့ရွှေ့ပြောင်းရန် ထိုင်းအာဏာပိုင်များက စေလွှတ်ခဲ့သည်။ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့ကလည်း ဦးမယ်ထာရွာကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

Ref: world.thaipbs.or.th
ယနေ့ခေတ်

ထိုင်း-မြန်မာနယ်စပ်အနီး လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.