ကမ္ဘာ့ရွှေ‌ဈေးနှင့်အတူ ပြည်တွင်းရွှေစျေး တစ်ကျပ်သား ကျပ် ၇၆ သိန်းကျော်လာ

ရန်ကုန်၊ မေ ၂၈

ကမ္ဘာ့ရွှေစျေးတက်လာပြီးနောက် ပြည်တွင်းရွှေစျေးသည်လည်း တစ်ကျပ်သား ကျပ် ၇၆ သိန်းကျော်အထိမြင့်တက်လာကြောင်း ပြင်ပရွှေအရောင်းအဝယ်စျေးကွက်ထံမှ စုံစမ်းသိရှိရသည်။

ယနေ့တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စ အမေရိကန်ဒေါ်လာ ၃,၃၄၀ ဖြစ်ပြီး အကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သား ၇၆ သိန်းကျော်လာပြီး လက်ဝတ်ရတနာ ၁၅ ပဲရည်တစ်ကျပ်သားလျှင် ၇၂ သိန်းကျော်ရှိနေကြောင်း သိရသည်။

ထို့ပြင် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီက သတ်မှတ်ထားသည့်ဈေးသည် စံချိန်မီရွှေ ၁ ကျပ်သား(၁၆ ဒသမ ၃၂၉၃၂၅ ဂရမ်) ၅,၇၆၀,၀၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

“ ကမ္ဘာ့ရွှေဈေးတတ်လို့ ပြည်တွင်းရွှေဈေးကတတ်တာ။ ရွှေဈေးတတ်တော့ အရောင်းများတယ်။ တစ်နေ့ကို ၅ ပိဿာလောက်ရှိမယ်။ အရောင်းများတယ်၊ အဝယ်နည်းတယ်” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ပြည်တွင်း၌ ရွှေချိန်တွယ်ရာတွင်မူ ကျပ်၊ ပဲ၊ မူး၊ ရွေးကိုအသုံးပြုပြီး တစ်ကျပ်သားလျှင် ၀ ဒသမ ၅၂၅ အောင်စရှိကာ ယနေ့ကမ္ဘာ့ရွှေပေါက်စျေး x တစ်ဒေါ်လာငွေလဲနှုန်း × ၀ ဒသမ ၅၂၅ ဖြင့်တွက်ချက်ပါက ရရှိသည့်ပမာဏသည် အနီးစပ်ဆုံးပြည်တွင်းအခေါက်ရွှေစျေးရရှိမည်ဖြစ်သည်။

၂၀၂၅ ခုနှစ်၊ မတ်လဒုတိယပတ်မှစ၍ ကမ္ဘာ့ရွှေဈေးသည် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် တစ်အောင်စလျှင် ဒေါ်လာ ၃,၀၀၀ ကျော်သို့ရောက်ရှိခဲ့ပြီး၊ ပြည်တွင်းရွှေစျေးသည်လည်း ကျပ် ၆၅ သိန်းဝန်းကျင်မှစ၍ မြင့်တက်ခဲ့ကြောင်း သိရသည်။

#စုစု

#ယနေ့ခေတ်

ကမ္ဘာ့ရွှေ‌ဈေးနှင့်အတူ ပြည်တွင်းရွှေစျေး တစ်ကျပ်သား ကျပ် ၇၆ သိန်းကျော်လာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.