ကာတာ၊ မတ် ၂၂
ကာတာစစ်ရဟတ်ယာဉ်တစ်စင်းသည် ပင်လယ်ကွေ့နိုင်ငံရေပိုင်နက်တွင် ပျက်ကျခဲ့သည်။ ရဟတ်ယာဉ်ပေါ်တွင်ပါသည့် အနည်းဆုံး လူခြောက်ဦး သေဆုံးခဲ့ကြောင်း အစိုးရက ပြောကြားခဲ့သည်။ အဆိုပါဖြစ်ရပ်သည် နည်းပညာပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့်ဖြစ်ကြောင်း အစိုးရက ပြောကြားသည်။
အဆိုပါရဟတ်ယာဉ်တွင် လူခုနစ်ဦးလိုက်ပါလာပြီး နောက်ဆုံးပျောက်ဆုံးနေသူကို အထူးစစ်ဆင်ရေးတစ်ရပ်အဖြစ် ရှာဖွေနေဆဲဖြစ်ကြောင်း ကာတာပြည်ထဲရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ပြောကြားသည်။
ဝန်ကြီးဌာနက ပျက်ကျမှု၏အကြောင်းရင်း သို့မဟုတ် လေယာဉ်ပေါတွင်လိုက်ပါသူများ၏ အထောက်အထားများနှင့်ပတ်သက်၍ နောက်ထပ်အသေးစိတ်အချက်အလက်များကို မဖော်ပြခဲ့ပါ။
တနင်္ဂနွေနေ့အစောပိုင်းတွင် ကာတာကာကွယ်ရေးဝန်ကြီးဌာနက ရဟတ်ယာဉ်သည် ပုံမှန်တာဝန်ထမ်းဆောင်နေစဉ်အတွင်း နည်းပညာပိုင်းဆိုင်ရာချို့ယွင်းမှုဖြစ်ပွားခဲ့ပြီး နိုင်ငံ၏ရေ ပိုင်နက်တွင် ပျက်ကျခဲ့ကြောင်း X တွင် တင်ခဲ့သည်။
နည်းပညာပိုင်းဆိုင်ရာချို့ယွင်းမှုမှလွဲ၍ ပျက်ကျခဲ့သည့် အကြောင်းရင်းနှင့်ပတ်သက်၍ ချက်ချင်းသတင်းအချက်အလက်မရရှိနိုင်ဘဲ ပျက်ကျမှုသည် ရန်ပြုခံရခြင်းဖြစ်ကြောင်း ညွှန်ပြချက်မတွေ့ရှိရပါ။
ဒေသတွင်းတင်းမာမှုများ မြင့်တက်လာချိန်တွင် ယင်းဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။ ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ် ပူးတွဲတိုက်ခိုက်မှုစတင်ခဲ့ပြီးနောက်ပိုင်း ကာတာသည် ဒရုန်းနှင့် ဒုံးကျည်တိုက် ခိုက်မှုများကို အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရသည်။
Ref: aljazeera.com
ယနေ့ခေတ်
ကာတာစစ်ရဟတ်ယာဉ်ပျက်ကျမှုတွင် ခြောက်ဦးသေဆုံး နည်းပညာပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်