ကုန်သွယ်ရေးမူဝါဒ အပြောင်းအလဲကြောင့် မောင်တောနယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါးဖြစ်နေ

ရန်ကုန်၊ အောက်တိုဘာ ၁၁

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး မူဝါဒအပြောင်းအလဲကြောင့် မောင်တောနယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါးဖြစ်နေကြောင်း ရခိုင်ကုန်သည်ကြီးများအသင်းမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်မှစ၍ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ မြေပဲဆန်၊ ကြက်သွန်နီ စသည့်စိုက်ပျိုးရေးထွက်ကုန်များအပြင် ရေချို၊ ရေငန် ငါးမျိုးစုံကို ယခင် မောင် တောနယ်စပ်မှ တင်ပို့နေရာမှ ယခု စစ်တွေကုန်သွယ်ရေးစခန်းမှသာ တင်ပို့ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

“တချို့ကုန်သည်တွေကတော့ အဆင်မပြေကြဘူး။ အထူးသဖြင့် ရေထွက်ကုန်တွေ တင်ပို့တဲ့သူတွေပေါ့။ သူတို့ကျတော့ အဆင်မပြေဘူး။ ဒါကအရင်နဲ့ လက် ရှိအနေထားပေါ့။” ဟု ရခိုင်ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မောင်တောနယ်စပ်ဂိတ်မှ အဓိကပို့ကုန်ဖြစ်သည့် ငါးမြစ်ချင်းများကို စစ်တွေမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စက်လှေဖြင့်တင်ပို့ရာတွင် အခက်အခဲများစွာရှိကြောင်း သိရသည်။

“ပို့ကုန်က သတ်မှတ်ထားတဲ့တန်ချိန်ပြည့်မှ ထွက်လို့ရတော့တာ။ အကုန်စုပြီး တင်သွားရတာ။ အဲဒီတော့ အခက်အခဲရှိတယ်။” ဟု ကုန်သည်တစ်ဦးက ပြောသည်။

ယခုဘဏ္ဍာနှစ်၏ ခြောက်လအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၉ ဒသမ ၄၈၂ သန်းရရှိထားပြီး၊ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၄၄၅ သန်းရရှိထားကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရသည်။

စုစု

#ယနေ့ခေတ်

ကုန်သွယ်ရေးမူဝါဒ အပြောင်းအလဲကြောင့် မောင်တောနယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါးဖြစ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.