ကျွန်းလှမြို့နယ်ရှိ စစ်ဘေးရှောင် ၄၀၀၀ ကျော် အရေးပေါ်အကူအညီများလိုအပ်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၂

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိကျေးရွာများမှ ဒေသခံစစ်ဘေးရှောင် ၄၀၀၀ ကျော်အတွက် အရေးပေါ်အကူအညီများလိုအပ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီနေသူများထံမှ သိရသည်။

အဆိုပါ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာအပြင် အနွေထည်နှင့် စောင်များလိုအပ်နေကြောင်း၊ အလှူရှင်များနည်းလာခြင်း၊ နယ်မြေအတွင်းသွားလာရခက်ခဲခြင်း၊ ကုန်ဈေးနှုန်းများမြင့်တက်နေခြင်းကြောင့် စစ်ဘေးရှောင်များမှာ အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။

“စားနပ်ရိက္ခာတွေ အဓိကလိုအပ်တယ်။ ဆောင်တွင်းရောက်လာပြီဆိုတော့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေက အအေးဒဏ်မခံနိုင်ကြဘူး။ သူတို့အတွက် အနွေးထည်နဲ့စောင်တွေ အရေးပေါ်လိုအပ်တယ်။” ဟု စစ်ဘေးရှောင်များကိုကူညီနေသူတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းတွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များနှင့် နစကတပ်တို့ တိုက်ပွဲဖြစ်ပွားမှုများ မကြာခဏဖြစ်ပေါ် နေပြီး ဒေသခံ ၈၀၀,၀၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း UNOCHA က ထုတ်ပြန်ထားသည်။

#ခန့်ခန့်

ဓာတ်ပုံ – CJ

#ယနေ့ခေတ်

ကျွန်းလှမြို့နယ်ရှိ စစ်ဘေးရှောင် ၄၀၀၀ ကျော် အရေးပေါ်အကူအညီများလိုအပ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.