ကြည့်မြင်တိုင်မြို့နယ်တွင် မသန်စွမ်းအမျိုးသားတစ်ဦး တိုက်ပေါ်မှပြုတ်ကျသေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၁

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်တွင် မသန်စွမ်းအမျိုးသားတစ်ဦး ခုနှစ်လွှာတိုက်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၁၁ ရက်၊ ယနေ့နံနက် ၆ နာရီဝန်ကျင်က ကြည့်မြင်တိုင်မြို့နယ်၊ ပန်းလှိုင်အိမ်ရာတွင် အသက် ၃၀ ကျော်ရှိ မသန်စွမ်းအမျိုးသားတစ်ဦး ခုနှစ်လွှာတိုက်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။

“သူကတော့ တစ်ခုခုလှမ်းယူရင်းနဲ့ ခြေချော်ပြီးပြုတ်ကျတယ်လို့တော့ ထင်တာပဲ။ ခုနှစ်လွှာပေါ်ကနေပြုတ်ကျတာ။ သူက ကိုယ်လက်အင်္ဂါမသန်စွမ်းတဲ့ပုံစံပဲ။ အသက်ကတော့ ၃၅ နှစ်။ မနက် ၆ နာရီ ၅၀ လောက်က ပြုတ်ကျတာလို့ပြောတယ်။” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

တိုက်ပေါ်မှ ပြုတ်ကျသေးဆုံးသွားသည့် အမျိုးသား၏ရုပ်အလောင်းကို အားမာန်လူငယ်ပရဟိတအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#ချစ်ချစ်ခိုင်

ဓာတ်ပုံ-အားမာန်လူငယ်ပရဟိတအသင်း

#ယနေ့ခေတ်

ကြည့်မြင်တိုင်မြို့နယ်တွင် မသန်စွမ်းအမျိုးသားတစ်ဦး တိုက်ပေါ်မှပြုတ်ကျသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.