ခြံအမှတ်(၅၄)ကို  ဖေဖော်ဝါရီ ၆ ရက်တွင် တတိယအကြိမ်မြောက် လေလံတင်မည်

ရန်ကုန်၊ ဇန်နဝါရီ ၂၈

ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ ခြံအမှတ်(၅၄)နေအိမ်ကို ဖေဖော်ဝါရီ ၆ ရက်တွင် တတိယအကြိမ်မြောက် လေလံတင်မည်ဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

အဆိုပါခြံနှင့်အိမ်ကို နှစ်ကြိမ်တိတိ လေလံတင်ရောင်းချသော်လည်း ဝယ်ယူမည့်သူမရှိကြောင်း၊ ထို့ကြောင့် ထပ်မံဈေးလျှော့ချ၍ လေလံတင်ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

“လေလံတင်လည်း အတင်ပဲရှိမှာ။ ဘယ်သူကမှ မဝယ်ရဲဘူး။ အကယ်၍ ဝယ်တဲ့သူရှိရင်တောင် အဲဒီလူက သမိုင်းတရားခံဖြစ်သွားမှာ။ အဲဒါကြောင့် ဘယ်သူမှဝယ်မှာမဟုတ်ဘူး။” ဟု နေအိမ်လေလံပွဲစောင့်ကြည့်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ပထမအကြိမ်လေလံပွဲတွင် လေလံပစ်ဝယ်ယူမည့်သူ မရှိခြင်းကြောင့် ယခင်ဈေး ကျပ်ငွေ ၃၁၅ ဘီလီယံမှ ဈေးလျှော့ပြီး ကျပ်ငွေ ၃၀၀ ဘီလီယံ(သိန်းပေါင်း ၃ သန်းတိတိ)နှင့် လေ လံပစ်ရန် တရားရုံးကခွင့်ပြုခဲ့ပြီး ထိုဈေးနှင့် ဒုတိယအကြိမ်မြောက် လေလံတင်ရာတွင်လည်း ဝယ်ယူမည့်သူမရှိကြောင်း သိရသည်။

ယခုတတိယအကြိမ် လေလံတင်ကြမ်းခင်းဈေးကို ၂၉၇ ဘီလီယံ သတ်မှတ်ထားကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ – #စုစု

#ယနေ့ခေတ်

ခြံအမှတ်(၅၄)ကို  ဖေဖော်ဝါရီ ၆ ရက်တွင် တတိယအကြိမ်မြောက် လေလံတင်မည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.