ဂျပန်တံတားပေါ်၌ YBS ၉ က Delivery စက်ဘီးအားတိုက်မိ စက်ဘီးသမား သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၃

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ဂျပန်တံတားပေါ်၌ ယမန်နေ့ ညနေပိုင်းက YBS ၉ ခရီးသည်တင်ယာဥ် (မီနီဘက်စ်) သည် Delivery ပို့သည့် စက်ဘီးတစ်စီးကို တိုက်မိခဲ့ရာ စက်ဘီးသမား သေဆုံးသွားကြောင်း သိရသည်။

နိုဝင်ဘာ ၂ ရက်၊ ညနေ ၄ နာရီခွဲဝန်းကျင်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၁၅ ပေ ဂျပန်တံတားပေါ် ၌ မင်္ဂလာဈေးဘက်မှတက်လာသည့် YBS ၉ (မီနီဘတ်စ်) သည် FC Express မှ အမြန်ချောပို့ Delivery စက်ဘီးကို ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

“ကောင်လေးက လမ်းမှာပစ္စည်းတွေနဲ့ ပျံ့ကျဲနေတာ။ ကျွန်တော်တို့ရောက်တော့ ကောင်လေးက အသက်မရှိတော့ဘူး။ သူ့ပစ္စည်းတွေ လိုက်သိမ်းပြီး ကျန်ခဲ့မှာစိုးလို့လေ။ သူတို့ရုံးက လူတွေဆီ ပြန်စုပြီး ပြန်ထည့်ပေးလိုက်တယ်။ ဘေးက လူတွေပြောတာတော့ ကောင်လေးကိုတိုက်ပြီး ပြန်ကွေ့ထွက်တာမှာ ဘောင်ကိုတိုက်မိသွားတာတဲ့။” ဟု ကူညီကယ်ဆယ်ပေး ခဲ့သူ ပရဟိတသမားတစ်ဦးက ပြောသည်။

အဆိုပါယာဥ်တိုက်မှုကြောင့် သေဆုံးခဲ့သူအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ ဆောင်ခဲ့ကြောင်း သိရသည်။

#ဂျူဂျူး

ဓာတ်ပုံ – ရှင်သန်ရေး လူမှုကူညီရေးအသင်း

#ယနေ့ခေတ်

ဂျပန်တံတားပေါ်၌ YBS ၉ က Delivery စက်ဘီးအားတိုက်မိ စက်ဘီးသမား သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.