စတားမာသည် ရာထူးမှနုတ်ထွက်ရန် တောင်းဆိုမှုများ မြင့်တက်လာသည်နှင့်အမျှ အရေးတကြီးအစည်းအဝေးနှင့် ရင်ဆိုင်နေရ

လန်ဒန်၊ မေ ၁၂

ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတားမာသည် ဝန်ကြီးလက်ထောက်များက နှုတ်ဆိတ်နပြီး ဥပဒေပြုအမတ် ၈၀ နီး ပါးက ၎င်းအားနုတ်ထွက်ရန် လူသိရှင်ကြားတောင်းဆိုပြီးနောက် အင်္ဂါနေ့တွင်ကျင်းပမည့် အစိုးရအဖွဲ့၏ အရေးတကြီးအစည်းအဝေးမတိုင်မီ ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နိုင် မနိုင်နှင့်ပတ်သက်၍ လုပ်ဖော်ကိုင်ဖက်များနှင့် တိုင်ပင်ဆွေးနွေးနေသည်။

ထိပ်တန်းရာထူးတွင် နှစ်နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့သော စတားမာသည် ပြီးခဲ့သည့်အပတ်ကပြုလုပ်သည့် ဒေသန္တရရွေးကောက်ပွဲများတွင် လေဘာပါတီ၏ အဆိုးရွားဆုံးရှုံးနိမ့်မှုတစ်ခုအပြီးတွင် ပါလီမန်ပါတီဝင်အများအပြားက ၎င်းအားဆန့်ကျင်ခဲ့ကြပြီးနောက် ရာထူးမှနုတ်ထွက်ရန် တနင်္လာနေ့တွင် ကတိပြုခဲ့သည်။

ဗြိတိန်မီဒီယာများ၏ ဖော်ပြချက်အရ ပြည်ထဲရေးဝန်ကြီး ရှာဘနာ မာမွတ်နှင့် နိုင်ငံခြားရေးဝန်ကြီး အီဗက်တ် ကူးပါးအပါအဝင် အစိုးရအဖွဲ့ဝန်ကြီးအများအပြားက စတားမာနှုတ်ထွက်မည့်ရက်စွဲကို သတ်မှတ်ပေးရန် ပြောကြားခဲ့ကြောင်း သိရသည်။

ပါတီ၏အယူဝါဒဆိုင်ရာ ကွဲပြားသောအစိတ်အပိုင်းများမှ ဥပဒေပြုအမတ် ၈၀ နီးပါးသည် စတားမာအား ခေါင်းဆောင်ယှဉ်ပြိုင်မှုကို စတင်ရန်အတွက် သူထွက်ခွာမည့်အချိန်ဇယားကို သတ်မှတ်ရန် တောင်းဆိုခဲ့ကြသည်။

အင်္ဂါနေ့တွင် အကြီးတန်းဝန်ကြီး ဒါရန် ဂျုန်းစ်က စတားမာသည် လုပ်ဖော်ကိုင်ဖက်များ၏စကားကို နားထောင်နေပြီး ဆုံးဖြတ်ချက်ချရန်မှာ သူ့အပေါ်တွင် မူတည်ကြောင်း Times Radio သို့ ပြောကြားသည်။

“ သူက လုပ်ဖော်ကိုင်ဖက်တွေရဲ့စကားကို နားထောင်နေပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောနေပါတယ်။ သူချမှတ်နိုင်တဲ့ဆုံးဖြတ်ချက်တွေကို ကျွန်တော်ကြိုတင်မပြောနိုင်ပါဘူး” ဟု ဂျုန်းစ်က ပြောကြားသည်။

စတားမာသည် တနင်္လာနေ့ကပြောကြားသည့် မိန့်ခွန်းတစ်ခုတွင် ဗြိတိန်၏ပြ ဿနာများစွာကို ပိုမိုရဲရင့်စွာနှင့် ပိုမိုအရေးတကြီး လုပ်ဆောင်မည်ဟု ကတိပေးခဲ့ပြီး ၎င်း၏ရပ်တည် ချက်ကို ခိုင်မာစေရန် ကြိုးပမ်းခဲ့သည်။

စတားမာသည် ဗြိတိန်၏ ငါးနှစ်တာကာလအတွင်း စတုတ္ထမြောက် ဝန်ကြီးချုပ်ဖြစ်သည်။ ဗုဒ္ဓဟူးနေ့တွင်ကျင်းပမည့် ခမ်းနားထည်ဝါသော လွှတ်တော်အခမ်းအနားတွင် ချားလ်စ်ဘုရင်က အစိုးရ၏ ဥပဒေပြုရေးအစီအစဉ်ကိုချမှတ်ရန် စီစဉ်ထားသည့် တစ်ရက်အလိုတွင် သူ့ကိုဆန့်ကျင်သည့်လှုပ်ရှားမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

Ref: reuters.com
ယနေ့ခေတ်

စတားမာသည် ရာထူးမှနုတ်ထွက်ရန် တောင်းဆိုမှုများ မြင့်တက်လာသည်နှင့်အမျှ အရေးတကြီးအစည်းအဝေးနှင့် ရင်ဆိုင်နေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.