ဆီဆိုင်မြို့တွင် မိုးကြိုးထိမှန်ခြင်းကြောင့် နွားကောင်ရေ ၅၀ သေဆုံး

ရန်ကုန်၊ မတ် ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် မိုးကြိုးထိမှန်ခြင်းကြောင့် နွားကောင်ရေ ၅၀ သေဆုံးခဲ့ကြောင်း သိရသည်။

မတ်လ ၂၁ ရက်၊ နေ့လည်ပိုင်းက ဆီဆိုင်မြို့၊ လွယ်ပွတ်အုပ်စု၊ ကောင်ဝါးတောင်ကျေးရွာအနီးတွင် မိုးသည်းထန်စွာရွာသွန်းပြီး၊ လေပြင်းတိုက်ခတ်ကာ မိုးကြိုးပစ်ချခြင်းကြောင့် နွားအကောင်ရေ ၅၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ နွားတစ်ကောင်၏တန်ဖိုးမှာ ငွေကျပ် ၁၅ သိန်းခန့်ရှိကြောင်း သိရသည်။

“မိုးကြိုးပစ်ပြီးတော့ သေတာလို့တော့ပြောတယ်ဗျ။ နွားတစ်ကောင်ဆိုရင် သူတို့ပြောတာတော့ ၁၅ သိန်းလို့ပြောတယ်။ အကောင်ရေ ၅၀ သေတယ်လို့ပြောတယ်။ နွားကျောင်းရင်းနဲ့ဖြစ်တာတော့မဟုတ်ဘူး။ နွားကလည်း တစ်နေရာထဲတော့မဟုတ်ဘူး။ ပိုင်ရှင်က ၁၇ ဦးတော့ရှိတယ်။ မနေ့က လေတိုက်လို့ ဆေးရုံဘေးက ပိတောက်ပင်လဲတာလည်းဖြစ်တယ်။ ဆေးရုံဂိုထောင်ပေါ်ကိုလဲကျတာ။ ဆုံးရှုံးမှုကတော့ ဆေးရုံကပြောတာ ၁၅ သိန်းလောက်ရှိတယ်လို့ပြောတယ်။ ကျွန်တော်တို့ကတော့ ရှင်းလင်းရေးတွေ လုပ်ပေးခဲ့ပါတယ်။” ဟု နယ်မြေခံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မိုးကြိုးထိမှန်ကာ နွားများသေဆုံးခြင်းနှင့် ပတ်သက်၍ ဆီဆိုင်မြို့နယ် သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ – ဒေသခံ
ယနေ့ခေတ်

ဆီဆိုင်မြို့တွင် မိုးကြိုးထိမှန်ခြင်းကြောင့် နွားကောင်ရေ ၅၀ သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.