တရုတ်၊ ထိုင်း၊ စင်ကာပူတို့နှင့် ကုန်သွယ်မှုပမာဏအများဆုံး ဆောင်ရွက်ထား

ရန်ကုန်၊ အောက်တိုဘာ ၃၀

ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ဝက်ကာလတွင် မြန်မာနိုင်ငံအနေဖြင့် တရုတ်၊ ထိုင်း၊ စင်ကာပူတို့နှင့် ကုန်သွယ်မှုပမာဏအများဆုံး ဆောင်ရွက်ထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

ယင်းဘဏ္ဍာနှစ်ဝက်ကာလအတွင်း ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၇ ဒသမ ၆ ဘီလီ ယံကျော်နှင့် သွင်းကုန်တန်ဖိုး ၈ ဒသမ ၅ ဘီလီယံကျော် စုစုပေါင်း ကုန်သွယ်မှုတန်ဖိုး ၁၆ ဘီလီယံ ကျော်ရရှိထားကြောင်း သိရသည်။

သို့သော် ယခုဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ လျော့ကျနေဆဲဖြစ်ကြောင်း လုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။

“သူတို့ကသာ ကုန်သွယ်မှုတန်ဖိုးက တတ်လာတယ်ပဲပြောနေတာ။ ကုန်သွယ်မှုကလေ ဒီဘဏ္ဍာနှစ်မှာက တော်တော်လေး သိသိသာသာကိုကျသွားတာ။ ပြောရရင် ပို့ကုန်ကိစ္စပဲပေါ့။ အဓိက အဲဒါပါပဲ။” ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ပြည်ပကုန်သွယ်မှုအနေဖြင့် ပင်လယ်ရေကြောင်းအပါအဝင် နယ်စပ်ကုန်သွယ်ရေးမှလည်း ဆောင်ရွက်လျက်ရှိသည်။

အဆိုပါကာလအတွင်း တရုတ်နှင့် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံကျော်၊ ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၃ ဒသမ ၀၆၈ ဘီလီယံကျော် ဆောင် ရွက်ထားပြီး စင်ကာပူနှင့်ကုန်သွယ်မှု တတိယအများဆုံး ဆောင်ရွက်ထားပြီး ကုန်သွယ်မှုတန်ဖိုး ၁ ဒသမ ၈၁၂ ဘီလီယံကျော် ရရှိထားကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရ သည်။

#စုစု

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

တရုတ်၊ ထိုင်း၊ စင်ကာပူတို့နှင့် ကုန်သွယ်မှုပမာဏအများဆုံး ဆောင်ရွက်ထား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.