တောင်ငူတွင် ခရီးသည်တင်ကားတစ်စီး ချောက်ထဲပြုတ်ကျ တစ်ဦးသေဆုံး၊ ၁၇ ဦးဒဏ်ရ

ရန်ကုန်၊ မတ် ၅

ပဲခူးတိုင်း၊ တောင်ငူမြို့တွင် ခရီးသည်တင်ကားတစ်စီး ချောက်ထဲပြုတ်ကျကာ ၁၇ ဦးဒဏ်ရာရရှိခဲ့ပြီး တစ်ဦးသေဆုံးကြောင်း သိရသည်။

မတ်လ ၄ ရက်၊ နံနက်ပိုင်းက တောင်ငူမြို့၊ လိပ်သိုလ်ကော်ပတ်ခြံ၊ သုံးထပ်ကွေ့တွင် ခရီးသည်တင်ကားတစ်စီး ချောက်ထဲပြုတ်ကျကာ အမျိုးသား၊ အမျိုးသမီးစုစုပေါင်း ၁၇ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ ယနေ့နံနက်တွင် တစ်ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။

“မနေ့က လိပ်သိုလ်ကော်ပတ်ခြံ သုံးထပ်ကွေ့ တောင်ငူအဆင်းမှာ ခရီးသည်တင်ကား ချောက်ထဲပြုက်ကျပြီး မှောက်တာမှာ ၁၇ ယောက်ထိခိုက်တယ်။ ၁၅ ယောက်ဆေးရုံတင်ရတယ်။ တစ်ယောက်ကတော့ ဒီနေ့မနက်မှာ ဆုံးသွားပါတယ်။” ဟု ဒေသခံလူမှုကယ်ဆယ်ရေူအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ယာဉ်တိမ်းမှောက်မှုတွင် ဒဏ်ရာရရှိသူတို့ကို တောင်ငူမြို့ရှိ လူမှုကယ်ဆယ်ရေးအသင်းများမှ တောင်ငူဆေးရုံးကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရ သည်။

#ချစ်ချစ်ခိုင်
ဓာတ်ပုံ-Kyaw Thu Ya
#ယနေ့ခေတ်

တောင်ငူတွင် ခရီးသည်တင်ကားတစ်စီး ချောက်ထဲပြုတ်ကျ တစ်ဦးသေဆုံး၊ ၁၇ ဦးဒဏ်ရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.