ရန်ကုန်၊ ဩဂုတ် ၂
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ညအိပ်တည်းခိုသည့် အမျိုးသားတစ်ဦးက အိမ်ရှင်မိသားစုများကို တူဖြင့်ထုရိုက်ကာ ပစ္စည်းများလုယက်ခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်၊ (၁၃) ရပ်ကွက်၊ အနော်မာ (၁) လမ်းရှိ နေအိမ်တစ်အိမ်တွင် ဇူလိုင် ၃၁ ရက်နေ့က အိမ်ရှင်အမျိုးသမီးနှင့် ရင်းနှီးကျွမ်းဝင်သည့်အမျိုးသားက ညအိပ်တည်ခိုကာ အိမ်ရှင်မိသားစုအား တူဖြင့်ထုရိုက်နက်ပြီး ပစ္စည်းများလုယက်သွားကြောင်း သိရသည်။
“အဲ့ဒီအမျိုးသားက အိမ်ရှင်အမေဖြစ်သူနဲ့ အသိတွေလို့သိရတယ်။ အိမ်ကိုညလာအိပ်တာ။ အမေရယ်၊ သမီးရယ်၊ တူမဖြစ်နဲ့ကို သူကခြိမ်းခြောက်ပြီးတော့ ပစ္စည်းတွေကို လုတာပါ။ ပြီးတော့ တူနဲ့လည်း ထုရိုက်တာတွေလုပ်ခဲ့တယ်။ ဒဏ်ရာတွေလည်းရတယ်။ တန်ဖိုးရှိတဲ့ပစ္စည်းတွေလည်းပါသွားတယ်။ ပစ္စည်းတွေလုပြီး ကျူးလွန်သွားတဲ့သူကိုတော့ သက်ဆိုင် ရာရဲတပ်ဖွဲ့က စုံးစမ်းနေတယ်လို့သိရတယ်။” ဟု နီးစပ်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
တူဖြင့်ထုရိုက်ကာ လုယက်ခံခဲ့ရသည့် ဒဏ်ရာရရှိသူများကို အေးချမ်းဖြူစင်မေတ္တာရှင် လူမှုကူညီရေးအသင်းမှ တောင်ဥက္ကလာပဆေးရုံးကြီးသို့ ကူညီပို့ ဆောင်ပေးခဲ့ကြောင်း သိရ သည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-အေးချမ်းဖြူစင်မေတ္တာရှင်လူမှု့ကူညီရေးအသင်း
ယနေ့ခေတ်
တောင်ဥက္ကလာတွင် ညအိပ်တည်းခိုသည့်အမျိုးသားက အိမ်ရှင်ကိုရိုက်နှက်ပြီး ပစ္စည်းလုယက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်