ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းချက်ကို ပူတင်ပယ်ချပြီး ယူကရိန်းကို ဒရုန်းဖြင့်တိုက်ခိုက်

ကိဗ်၊ ဇူလိုင် ၄

ယူကရိန်းမြို့တော်၏ ခရိုင်တိုင်းနီးပါးကို ရုရှ၏အပြင်းအထန်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် လူ ၂၃ ဦးဒဏ်ရာရခဲ့ကြောင်း သောကြာနေ့နံနက်ပိုင်းတွင် အရာရှိများက ပြော သည်။

လေကြောင်းရန်ကာကွယ်ရေးလက်နတ်များ၊ ဒရုန်းများအသံများနှင့် ပေါက်ကွဲသံကြီးများက မြို့ပေါ်တွင် တစ်ညလုံးလွှမ်းမိုးထားသည်။ ရုရှားသည် ဒရုန်း ၅၅၀ နှင့် ဒုံးကျည် ၁၁ စင်းကို စံချိန်တင်ပစ်ခတ်ခဲ့ကြောင်း ယူကရိန်းက ပြောကြားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့အကြား ဖုန်းခေါ်ဆိုမှုအပြီး နာရီပိုင်းအကြာတွင် ယခုကဲ့သို့ တိုက်ခိုက်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရုရှားသမ္မတ ပူတင်သည် ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် အဆင်သင့်မဖြစ်သေးသည့်အတွက် စိတ်ပျက်မိကြောင်း ထရန့်က ပြောကြားသည်။

၎င်း၏ရည်မှန်းချက်များပြည့်မီရန် လိုအပ်သရွေ့ စစ်ပွဲများဆက်လက်ရှိနေဦးမည်ဟု မော်စကိုကပြောကြားသည်။ ရုရှား၏ ညလုံးပေါက်လေကြောင်းတိုက်ခိုက်မှုသည် နောက် ထပ်စံချိန်သစ်တစ်ခုကို ချိုးဖျက်ခဲ့ကြောင်း ယူကရိန်းလေတပ်က ပြောကြားသည်။

တိုက်ခိုက်မှုများ၏ အဓိကပစ်မှတ်ဖြစ်သည့်ကိဗ်တွင် လေကြောင်းတိုက်ခိုက်မှုများစွာ ဖြစ်ပေါ်ခဲ့ပြီး ရှစ်နာရီကျော်ကြာ လေကြောင်းတိုက်ခိုက်မှုသတိပေးချက်များ ထွက်ပေါ်လာခဲ့ကြောင်း လေတပ်က Telegram တွင် ပြောကြားသည်။

ယူကရိန်းသမ္မတ ဇီလင်စကီက “ သိသာထင်ရှားပြီး အယုတ်မာဆုံး” တိုက်ခိုက်မှုများဟု ရှုတ်ချခဲ့ပြီး၊ “ ကြမ်းတမ်းပြီး အိပ်မပျော်သောည” ဟု ညွန်းဆိုခဲ့သည်။

ထရန့်နှင့် ပူတင်တို့၏ ဖုန်းခေါ်ဆိုမှုအပြီး တိုက်ခိုက်လာသည်ကို သတိပြုမိကြောင်း ဇီလင်စကီက Telegram တွင် ရေးသားဖော်ပြခဲ့သည်။ “ ရုရှားသည် စစ်ကိုအဆုံးသတ်ရန် မရည်ရွယ်ကြောင်း ထပ်မံ၍သရုပ်ပြသည်” ဟု ပြောကြားခဲ့သည်။

မော်စကိုအပေါ် ဖိအားများတိုးမြှင့်ပြီး ကြီးကြီးမားမား ပိတ်ဆို့မှုများချမှတ်ရန် နိုင်ငံတကာမဟာမိတ်များ အထူးသဖြင့် အမေရိကန်ကို တောင်းဆိုခဲ့သည်။

ယူကရိန်းနိုင်ငံတော် အရေးပေါ်ဝန်ဆောင်မှုမှ လူမှုမီဒီယာတွင်မျှဝေထားသည့် ဗီဒီယိုဖိုင်တွင် ရုရှားနိုင်ငံ၏ ညလုံးပေါက် အကြီးစားတိုက်ခိုက်မှုအပြီး ကိယက်ဗ်မြို့၌ မီးသတ် သမားများက မီးငြှိမ်းသတ်ရန် ကြိုးပမ်းနေသည်ကို ပြသခဲ့သည်။

ယူကရိန်းအာဏာပိုင်များ၏ ပြောကြားချက်အရ ရထားလမ်းအခြေခံအဆောက်အအုံများ ပျက်စီးခဲ့ပြီး မြို့တော်အနှံ့ ကျောင်းများ၊ အဆောက်အအုံများနှင့် ကားများမီးလောင်ခဲ့သည်။

ပိုလန်နိုင်ငံခြားရေးဝန်ကြီး Radosław Sikorski က ပိုလန်ကောင်စစ်ဝန်ရုံးလည်း ပျက်စီးခဲ့ကြောင်း ပြောသည်။

ရုရှား၏တိုက်ခိုက်မှုများသည် Sumy, Kharkiv, Dnipropetrovsk နှင့် Chernihiv ဒေသများကိုလည်း ထိမှန်သည်။

ကိယက်ဗ်အစိုးရ၏ အကြမ်းဖက်လုပ်ရပ်များကို တုံ့ပြန်သည့်အနေဖြင့် “ ကြီးမားသောတိုက်ခိုက်မှု” ကို စတင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။

ရုရှားနိုင်ငံတောင်ပိုင်း Rostov ဒေသ ယာယီအုပ်ချုပ်ရေးမှူးက သောကြာညက နယ်စပ်နဲ့သိပ်မဝေးသည့် ရွာတစ်ရွာတွင် ယူကရိန်းက ဒရုန်းနှင့်တိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ပြောကြားသည်။

Ref: BBC

#ယနေ့ခေတ်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းချက်ကို ပူတင်ပယ်ချပြီး ယူကရိန်းကို ဒရုန်းဖြင့်တိုက်ခိုက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.