ထိုင်းနိုင်ငံတွင် တရားမဝင်မြန်မာလုပ်သား ၇၂ ဦး ဖမ်းဆီးခံရ

ဘန်ကောက်၊ ဇွန် ၁၈

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်၊ ကရထုမ့်ဘယ်(န်)မြို့၊ ခယ်ရိုင်ကျေးရွာအုပ်စုရှိ ကုမ္ပဏီတစ်ခုကို ဇွန် ၁၅ ရက်၊ ​ဒေသစံ​တော်ချိန် နံနက် ၁၀ နာရီက ထိုင်းလုံခြုံရေးတပ်ဖွဲ့များက သတင်းအရဝင်ရောက်စစ်ဆေးရာ တရားမဝင်မြန်မာ ၇၂ ဦးဖမ်းမိခဲ့​ကြောင်း Bangkok Post သတင်းအရ သိရသည်။

“တိုင်ကြားစာရရှိပြီးနောက် သက်ဆိုင်ရာခရိုင်အဖွဲ့တွေပူးပေါင်းကာ စမွတ်ဆာခေါခရိုင်၊ ကရထုမ့်ဘယ်(န်)မြို့၊ ခယ်ရိုင်ကျေးရွာအုပ်စုရှိ ကုမ္ပဏီတစ်ခုကို ဝင်ရောက်စစ်ဆေးခဲ့ဖြစ်ပါတယ်။ အဲဒီမှာ တရားမဝင်မြန်မာလုပ်သား ၇၂ ဦးကို စိစစ်​တွေ့ရှိပြီး သက်ဆိုင်ရာက အ​ရေးယူမှုအတွက်​ဆောင်ရွက်လျက်ရှိပါတယ်။” ဟု ထိုင်း​ရောက်​ရွှေ​ပြောင်းမြန်မာလုပ်သားကူညီ​စောင့်​ရှောက်​ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အဆိုပါ တရားမဝင်မြန်မာ​လုပ်သားများသည် ကုမ္ပဏီအတွင်း ဝင်​ရောက်လုပ်ကိုင်​​နေခြင်းနှင့်စပ်လျဥ်းပြီး သက်ဆိုင်ရာက ​ရှောင်တခင်စစ်​ဆေးခဲ့ရာ ​နေထိုင်ခွင့်အ​ထောက်အထား တစ်စုံတစ်ရာပြသနိုင်ခြင်း မ​တွေ့ရှိခြင်း​ကြောင့် မြန်မာလုပ်သား ၇၂ ဦးကို ဖမ်းဆီးအ​ရေးယူခဲ့ခြင်းဖြစ်​ကြောင်း သိရသည်။

ထိုင်းအစိုးရက အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိ၊ အလုပ်ခွင့်ပါမစ်ကုန်ဆုံးသည့် မြန်မာအလုပ်သမားများကို ဥပဒေအရခွင့်ပြုချက်မရှိဘဲ တရားမဝင်အလုပ်လုပ်ကိုင်​ကြောင့် အရေးယူစွဲချက်တင်သွားမည်ဖြစ်​ကြောင်း သိရသည်။

မြင့်မြတ်​အောင်မြင်

ဓာတ်ပုံ – Bangkok Post

Bangkokpost.com

ထိုင်းနိုင်ငံတွင် တရားမဝင်မြန်မာလုပ်သား ၇၂ ဦး ဖမ်းဆီးခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.