ထိုင်းနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲစတင် အခြေခံဥပဒေအသစ်ရေးဆွဲခြင်းနှင့်ပတ်သက်သည့် ဆန္ဒခံယူပွဲပါဝင်

ဘန်ကောက်၊ ဖေဖော်ဝါရီ ၈

ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂနွေနေ့တွင် ထိုင်းနိုင်ငံတစ်ဝှမ်းရှိမဲရုံများသို့ ထိုင်းနိုင်ငံသားများ စောစောစီးစီးရောက်ရှိလာကြပြီး မဲဆန္ဒနယ်ကိုယ်စားလှယ်လောင်းများ ရွေးချယ်ခြင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရေးဆွဲခြင်းကို ထောက်ခံခြင်းရှိ၊ မရှိကို မဲပေးရွေးချယ်ကြသည်။ ပါတီခေါင်းဆောင်များက အထွေထွေရွေးကောက်ပွဲတွင် မဲပေးသူ အများအပြားလာရောက်ကြရန် တောင်းဆိုခဲ့ကြသည်။

မဲဆန္ဒရှင်များသည် မနက် ၈ နာရီ မဲရုံများစတင်ဖွင့်လှစ်ချိန်မတိုင်မီ ဘန်ကောက်နှင့် နိုင်ငံတစ်ဝှမ်းရှိ မဲရုံများတွင် တန်းစီစောင့်ဆိုင်းနေကြပြီး အစောဆုံးမဲပေးခွင့်ရခဲ့သူများစာရင်းတွင်ပါဝင်ရန် စိတ်အားထက်သန်နေကြသည်။

ယာယီဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်သည် ၎င်း၏ ဖွန်ကျိုင်ထိုင်းပါတီအခြေစိုက်ရာ ဘူရီရမ်ပြည်နယ်တွင် မဲပေးခဲ့ပြီး၊ အခြားပါတီခေါင်းဆောင်အများစုသည် ဘန်ကောက်ရှိမဲရုံများသို့ ရောက်ရှိလာခဲ့ကြသည်။

ပြည်သူ့ပါတီခေါင်းဆောင် နာ့ဿ်ဖုန်းရိန်းပန်ညာဝု၊ ဒီမိုကရက်တစ်ခေါင်းဆောင် (ပါချာထိပတ်ပါတီ) အဘီဆစ်နှင့် ဖွေ့ထိုင်းပါတီ ဝန်ကြီးချုပ်လောင်း ယုဒ် ချနန် ဝုန်းဆဝပ်တို့သည် မဲဆန္ဒရှင်များ လာရောက်မဲပေးရန်၊ ၎င်းတို့၏ ကိုယ်စားလှယ်လောင်းများကို ထောက်ခံရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ကံကြမ္မာအပေါ် အရေးကြီးသော နိုင်ငံရေးဆုံးဖြတ်ချက်တစ်ခုချမှတ်ရန် တိုက်တွန်းသူများထဲတွင် ပါဝင်ခဲ့သည်။

မဲရုံများကို ညနေ ၅ နာရီတွင် ပိတ်သိမ်းရန် စီစဉ်ထားပြီး ညနေ ၆:၃၀ နာရီခန့်တွင် မဲရေတွက်ခြင်းကို ယာယီစတင်မည်ဖြစ်သည်။ တရားဝင်မဟုတ်သော ရလဒ်များကို သန်းခေါင်ယံမတိုင်မီ မျှော်မှန်းထားသည်။

ရွေးကောက်ပွဲကော်မရှင် (EC) က အရာအားလုံး အဆင်ပြေချောမွေ့စွာ လည်ပတ်နေကြောင်း တနင်္ဂနွေနေ့နံနက်တွင် ပြောကြားခဲ့ပြီး နေ့လယ်ပိုင်းတွင် မဲဆန္ဒရှင်များ ပိုမိုများပြားလာမည်ဟု မျှော်လင့်ထားသည်။

ရွေးကောက်ပွဲကော်မရှင်သည် မဲပေးသည့်နေ့တွင် မဲပေးသူ ၇၅% ရှိလာမည်ဟု မျှော်လင့်ထားပြီး မနက်ပိုင်းတွင် မဲဆန္ဒရှင် အများအပြားရှိနိုင်ကြောင်း ပြောကြားသည်။ ရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ Narong Klanwarin က မဲပေးသူ ၈၀% သို့မဟုတ် ၉၀% အထိရှိနိုင်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

မဲဆန္ဒရှင်များသည် ၎င်းတို့၏ မဲဆန္ဒနယ်ကိုယ်စားလှယ်လောင်း၊ ပါတီကိုယ်စားလှယ်ကို ရွေးချယ်ရမည်ဖြစ်ပြီး ဖွဲ့ စည်းပုံအခြေခံဥပဒေအသစ်နှင့်ပတ်သက်ပြီး မိမိတို့၏သဘောထားကို ဆုံးဖြတ်ရမည်ဖြစ်သည်။

Ref: bangkokpost.com

#ယနေ့ခေတ်

ထိုင်းနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲစတင် အခြေခံဥပဒေအသစ်ရေးဆွဲခြင်းနှင့်ပတ်သက်သည့် ဆန္ဒခံယူပွဲပါဝင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.