ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တိုက်ပွဲ သုံးရက်မြောက်နေ့သို့ ရောက်ရှိ

ဘန်ကောက်၊ ဇူလိုင် ၂၆

ဇူလိုင် ၂၆၊ စနေနေ့ နံနက်အစောပိုင်းက ဘန်ချမ်ရက်ခရိုင်တွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီး ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တိုက်ပွဲသည် တတိယမြောက်နေ့သို့ ဝင်ရောက်လာခဲ့သည်။

တရတ် မရိမ်းတပ်ဖွဲ့၏အဆိုအရ ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်များသည် ထိုင်းပိုင်နက်အတွင်းရှိ နေရာ ၃ ခုကို နံနက် ၅ နာရီ ၁၀ မိနစ်တွင် ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထိုင်းတော်ဝင်ရေတပ်သည် လျင်မြန်စွာတုံ့ပြန်ခဲ့ပြီး ကမ္ဘောဒီးယားစစ်စခန်းများကို နံနက် ၅ နာရီ ၄၀ မိနစ်တွင် ပြန်လည်တွန်းလှန်ခဲ့ကြောင်း သိရသည်။ ရေကြောင်းတိုက်ပွဲအပြီး တွင် ချန်သဘူရီ-တရတ် နယ်ခြားကာကွယ်ရေး ကွပ်ကဲမှုအောက်ရှိ ပထမတော်ဝင်ရေတပ်သည် Operation Trat Pikhat Phairee 1 ကိုထောက်ပံ့ရန်အတွက် ကင်းလှည့်ရေ ယာဉ်လေးစီးကို ကိုကွတ်၊ ဘန်ဟက်လက်ခ်နှင့် ခွန်ယိုင်တို့တွင် ဖြန့်ကြက်ခဲ့သည်။

တပ်ဖွဲ့ဝင်များတွင် လိုအပ်ပါက တစ်မိနစ်အတွင်း စစ်ရေးအကူအညီပေးနိုင်မည့် အမြန်တိုက်ခိုက်ရေး တိုက်ရေယာဉ်များနှင့် ကင်းလှည့်ရေယာဉ်များပါဝင်သည်။

အရှေ့ဘက် ကမ္ဘောဒီးယားနယ်စပ်ရှိ ဘန်သတ်တောင်အနီး နေထိုင်သူများသည် နံနက် ၅ နာရီမှစတင်၍ လက်နက်ကြီးပစ်ခတ်သံများ ကြားနေရကြောင်း သိရသည်။ တောင်ပေါ်ရှိ ရိုင်ပကျောင်းမှ ဘုန်းကြီးတစ်ပါးက မီးခိုးလုံးများလွင့်နေသည်ကို မြင်တွေ့ခဲ့ရကြောင်း Facebook တွင် မျှဝေခဲ့သည်။ “အားလုံးက ထွက်ပြေးသွားပေမယ့် ထိုင်းစစ်သားတွေက အဲဒီဘက်ကို ဦးတည်နေတာ တွေ့လိုက်ရတယ်” ဟု ဆိုသည်။

သောကြာနေ့တွင် နယ်စပ်ကာကွယ်ရေးစစ်ဌာနချုပ်က ချန်သဘူရီနှင့် တရတ်ပြည်နယ်များတွင် စစ်အုပ်ချုပ်ရေးသက်တမ်းတိုးခဲ့သည်။

တရတ်အုပ်ချုပ်ရေးမှူး Natthaphong Sanguanjit က နယ်စပ်အနီးရှိ Muang ခရိုင်၊ Bo Rai နှင့် Khlong Yai ခရိုင်များတွင် နေထိုင်သူများကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းရန် အမိန့်ပေးထားကြောင်း ပြောကြားသည်။

သက်ကြီးရွယ်အိုများ၊ ကလေးများ၊ အိပ်ရာပေါ်လဲနေသူများနှင့် ဆေးရုံလူနာများကို ဘေးကင်းသောဇုန်များရှိ သတ်မှတ်ထားသောအဆောက်အဦး ၁၀ ခုအောက်သို့ ရွှေ့ပြောင်းပေးခဲ့သည်။

tambon Laem Klat မှ ပြောင်းရွှေ့လာသည့် ကမ္ဘောဒီးယားရွှေ့ပြောင်းအလုပ်သမားများ၏ လက်ကိုင်ဖုန်းများကို လုံခြုံရေးအရသိမ်းဆည်းထားသည်ဟု အဆောက်အဦးများကိုကြီးကြပ်သူ မြို့တော်ဝန် Kittipong Yula-or က ပြောသည်။

သောကြာနေ့ကပြုလုပ်သည့် အရေးပေါ်အစည်းအဝေးတွင် ကမ္ဘောဒီးယားတပ်များ ချီတက်လာနေသည့် ဘန်ချမ်ရက်ခ်ကို အရေးပါသည့်နယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ Koh Kong မှ ၁၁ ကီလိုမီတာအကွာရှိ ကန့်ယိုင်ကို တပ်ဖွဲ့ဝင်များနေရာချထားရမည့် နေရာတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။

ကြာသပတေးနေ့ တိုက်ပွဲများဖြစ်ပွားပြီးကတည်းက ထိုင်းစစ်တပ်ဘက်မှ စစ်သားခြောက်ဦးအပါအဝင် ၁၉ ဦးသေဆုံးခဲ့ပြီး၊ ၆၀ ကျော်ဒဏ်ရာရရှိခဲ့သည်။ ကမ္ဘောဒီးယားတွင် သေဆုံးသူ ၁၃ ဦးရှိကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားရာ နယ်စပ်အနီးရှိ Si Saket ပြည်နယ် Kanthralak ခရိုင်တွင် မြို့လုံးကျွတ်ထွက််ပြေးသွားပြီဟု ဟိုတယ်ဝန်ထမ်း Chianuwat Thalalai က ပြောသည်။

“လူတိုင်းနီးပါးပါပဲ၊ အဲဒါဟာ လူသူကင်းမဲ့နေတဲ့ မြို့တစ်မြို့ဖြစ်နေပါတယ်” ဟု အသက် ၃၁ နှစ်အရွယ် ဟိုတယ်ဝန်ထမ်းက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။

“နေစရာနေရာလိုတဲ့ နယ်စပ်အနီးကသူတွေအတွက်တော့ ကျွန်တော့်ဟိုတယ်ကို ဖွင့်ထားဆဲပါ။” ဟု ဆိုသည်။

Credit: bangkokpost.com

#ယနေ့ခေတ်

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တိုက်ပွဲ သုံးရက်မြောက်နေ့သို့ ရောက်ရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.