ဒုတိယသမ္မတလောင်းအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒေါက်တာကျော်ဆွေ၊ ဒေါ်နန်းနီနီအေးနှင့် ဒေါက်တာ မနမ်တူးဂျာတို့ကို အမည်စာရင်းတင်သွင်း

ရန်ကုန်၊ မတ် ၃၀

တတိယအကြိမ် ပြည်သူ့လွှတ်တော် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သည့် ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး ပထမနေ့တွင် ဒုတိယသမ္မတလောင်းအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကိုယ်စားပြု ဒေါက်တာကျော်ဆွေအား အမည်စာရင်းတင်သွင်းခဲ့ကြောင်း သိရသည်။

ထို့အပြင် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သည့် ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့အစည်းအဝေး ပထမနေ့တွင် ဒုတိယသမ္မတလောင်းအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ဒေါ်နန်းနီနီအေးနှင့် ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ဒေါက်တာ မနမ်တူးဂျာတို့ကို အမည်စာရင်းတင်သွင်းခဲ့ကြောင်း သိရသည်။

ယနေ့ခေတ်

ဒုတိယသမ္မတလောင်းအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒေါက်တာကျော်ဆွေ၊ ဒေါ်နန်းနီနီအေးနှင့် ဒေါက်တာ မနမ်တူးဂျာတို့ကို အမည်စာရင်းတင်သွင်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.