နယ်မြေအခြေနေအရ ကသာနှင့် ကောလင်းရှိဘဏ်များ ယာယီပိတ်ထား

ရန်ကုန်၊ နိုဝင်ဘာ ၁၀

စစ်ကိုင်းတိုင်း၊ ကသာနှင့် ကောလင်းမြို့များရှိဘဏ်များအား နယ်မြေအခြေအနေအရ ယာယီပိတ်ထားကြောင်း ယနေ့ခေတ်မှ စုံစမ်းသိရှိရသည်။

“လောလောဆယ်ကတော့ နယ်မြေအခြေအနေအရ ယာယီပိတ်ထားပါတယ်။ ကသာနဲ့ ကောလင်းက ဘဏ်ခွဲတွေပိတ်ထားတယ်။” ဟု KBZ Bank မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ကောလင်းမြို့နှင့် ကသာမြို့၌ နိုဝင်ဘာ ၃ ရက်မှစတင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့ ပြီး ဒေသခံအချို့ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

လက်ရှိတွင် တိုက်ပွဲများဖြစ်ပွားနေသည့် ကောလင်းနှင့် ကသာမြို့များ၌ ငွေထုတ်၊ ငွေသွင်းလုပ်ငန်းများဖြစ်သည့် kpay နှင့် wave money ဝန်ဆောင်မှုများ အသုံးပြုရာ၌ အခက် အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

“Wave Money အနေနဲ့ လတ်တလောမှာ ကသာနဲ့ ကောလင်းဘက်မှာ ဝန်ဆောင်မှုပိတ်ထားတာ မရှိပါဘူး။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အသုံးပြုလို့ရအောင် လုပ်ထား ပေးပါတယ်။ အင်တာနက်လိုင်းလေးနဲ့ ဖုန်းလိုင်းကို တစ်ချက်ပြန်စစ်ဆေးပေးစေချင်ပါတယ်။” ဟု Wave Money မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း ပြီးခဲ့သည့်အောက်တိုဘာ ၂၇ ရက်မှစတင်ကာ တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ဘဏ်များအားလုံး ယာယီပိတ်ထားရကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – စီဂျေ

ပုံစာ – ကောလင်းမြို့တွင်းမြင်ကွင်းအချို့

#ယနေ့ခေတ်

နယ်မြေအခြေနေအရ ကသာနှင့် ကောလင်းရှိဘဏ်များ ယာယီပိတ်ထား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.