နျူကလီးယားအစီအစဉ်ကို ပြန်လည်ထူထောင်ရန် လုပ်ဆောင်နေကြောင်း အီရန်အဏုမြူစွမ်းအင်အကြီးအကဲ ပြောကြား

တီဟီရန်၊ ဇွန် ၂၄

အီရန်နိုင်ငံ၏ အနုမြူစွမ်းအင်အဖွဲ့အကြီးအကဲ Mohammad Eslami က အီရန်နိုင်ငံ၏ နျူကလီးယားအစီအစဉ် ပျက်စီးဆုံးရှုံးမှုများကို အကဲဖြတ်နေပြီး ၎င်းကိုပြန်လည်ထူထောင်ရန် စီစဉ်နေကြောင်း ပြောကြားသည်။

“ကျွန်ုပ်တို့သည် လိုအပ်သောအစီအမံများကို လုပ်ဆောင်ပြီး ပျက်စီးသွားသောဧရိယာများကို လောလောဆယ် အကဲဖြတ်နေပါတယ်” ဟု အီရန်၏ Mehr သတင်းဌာနကို Eslami က ပြောကြားသည်။

“ပြန်လည်ထူထောင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ပြီး၊ ကျွန်ုပ်တို့၏အစီအစဉ်သည် ထုတ်လုပ်မှု သို့မဟုတ် ဝန်ဆောင်မှုများတွင် အနှောင့်အယှက်မဖြစ်အောင် ကာကွယ်ရန်ဖြစ်သည်။” ဟု ဆိုသည်။

Ref: Al Jazeera

#ယနေ့ခေတ်

နျူကလီးယားအစီအစဉ်ကို ပြန်လည်ထူထောင်ရန် လုပ်ဆောင်နေကြောင်း အီရန်အဏုမြူစွမ်းအင်အကြီးအကဲ ပြောကြား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.