ကရာချိ၊ ဇွန် ၁၅
ပါကစ္စတန်လေတပ် (PAF) လေ့ကျင့်ရေးလေယာဉ်တစ်စင်းသည် အင်္ဂါနေ့က နိုင်ငံအနောက်မြောက်ပိုင်းရှီ လေ့ကျင့်ရေးမစ်ရှင်တစ်ခုတွင် ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါ လေယာဉ်မှူးနှစ်ဦးသေဆုံးခဲ့ကြောင်း လေတပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။
“လေ့ကျင့်ရေးလေယာဉ်သည် ပုံမှန်လေ့ကျင့်ရေးမစ်ရှင်တစ်ခုအတွင်း ပက်ရှဝါအနီးတွင် ပျက်ကျခဲ့သည်” ဟု လေတပ်မှထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ မြေပြင်ပေါ်တွင် အသက်ဆုံးရှုံးမှု သို့မဟုတ် ပစ္စည်းဆုံးရှုံးမှု မရှိပါ။
လေတပ်ဌာနချုပ်မှ စုံစမ်းစစ်ဆေးရေးဘုတ်အဖွဲ့ကို ဖြစ်ရပ်၏အကြောင်းရင်းကိုစုံစမ်းရန် အမိန့်ပေးခဲ့ကြောင်း ကြေညာချက်တွင် ထပ်လောင်းဖော်ပြထားသည်။
ပါကစ္စတန်လက်နက်ကိုင်တပ်ဖွဲ့များသည် မကြာသေးမီနှစ်များအတွင်း လေကြောင်းမတော်တဆမှုများစွာ ကြုံတွေ့ခဲ့ရသည်။ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတွင် နောက်ထပ်လေ့ကျင့်ရေးတစ်ခုတွင် လေယာဉ်ပျက်ကျမှုတစ်ခုကြောင့် အမျိုးသမီးဂျက်လေယာဉ်မှူးတစ်ဦး သေဆုံးခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။
၂၀၁၅ ခုနှစ်၊ မေလတွင် ခရီးသွားလုပ်ငန်းစီမံကိန်းတစ်ခုကို စစ်ဆေးရန် သံတမန်များတင်ဆောင်လာသော စစ်ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး နော်ဝေနှင့် ဖိလစ်ပိုင်သံအမတ်ကြီးများအပါအဝင် လူခုနစ်ဦးသေဆုံးခဲ့သည်။
ရိုက်တာသတင်းဌာန၏အဆိုအရ လေကြောင်းလူနာတင်ယာဉ်အဖြစ်အသုံးပြုနေသော နောက်ထပ်စစ်ရဟတ်ယာဉ်တစ်စင်းသည် ၂၀၁၅ ခုနှစ်၊ သြဂုတ်လတွင် မန်ဆီရာမြောက်ပိုင်းခရိုင်အနီးတွင်ပျက်ကျခဲ့ပြီး လူ ၁၂ ဦးသေဆုံးခဲ့သည်။
Ref: ariananews.af
ယနေ့ခေတ်
ပါကစ္စတန်လေတပ်လေယာဉ်ပျက်ကျ၊ လေယာဉ်မှူးနှစ်ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်