ရန်းနက်စ်၊ ဇွန် ၂၄
ဥရောပတလွှား စံချိန်တင်အပူလှိုင်းကြောင့် ပြင်သစ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ အိမ်ထောင်စု ၆၈,၀၀၀ ခန့် လျှပ်စစ်မီးပြတ်တောက်ခဲ့ကြောင်း ဇွန်လ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့တွင် အာဏာပိုင်များက ပြောကြားခဲ့ပြီး နိုင်ငံ၏ ပြင်းထန်သောရာသီဥတုဖြစ်စဉ်ကြောင့် ပထမဆုံးအကြိမ် လျှပ်စစ်မီးပြတ်တောက်မှုဖြစ်သည်။
လျှပ်စစ်ဓာတ်အားလိုင်းပေါ်ရှိ ထရန်စဖော်မာ ပြတ်တောက်မှုသည် အပူချိန် အလွန်အမင်းမြင့်မားခြင်းနှင့် ဆက်စပ်နေပြီး မည်သူမျှ ထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်း Finistere ကမ်းရိုးတန်းဌာန၏ စီရင်စုက ကြေညာချက်တစ်စောင်တွင် ပြောကြားသည်။
ယင်းဖြစ်ရပ်သည် ဒေသစံတော်ချိန် အင်္ဂါနေ့ ည ၉ နာရီခန့်တွင် ဘရစ်တနီရှိ ကွမ်ပါမြို့အနီး Ergue-Gaberic ရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း စီရင်စုက ထပ်လောင်းပြောကြားသည်။
ပြင်သစ် ဓာတ်အားလိုင်းအော်ပရေတာများဖြစ်သည့် RTE နှင့် Enedis မှ အဖွဲ့များသည် ပြဿနာကိုဖြေရှင်းရန် ညလုံးပေါက်လုပ်ဆောင်ခဲ့ကြသော်လည်း အစောဆုံး နေ့ကုန်အထိ လျှပ်စစ်မီး အပြည့်အဝပြန်လည်ရရှိမည်ဟု မမျှော်လင့်ရပါ။
အင်္ဂါနေ့နှောင်းပိုင်းတွင် ပြင်သစ်ဓာတ်အားကွန်ရက်၏ သုံးစွဲသူ ၁၀၆,၀၀၀ အ ထိ လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ပြီး၊ ဥရောကတိုက်၏ ပူပြင်းသောအပူလှိုင်းကြောင့် ပြင်သစ်နိုင်ငံသည် အပူဆုံးနေ့သို့ ရောက်ရှိခဲ့သည်။
“နည်းပညာပိုင်းဆိုင်ရာ အကြောင်းပြချက်များကြောင့် RTE သည် တစ်နေ့တာအတွင်းထိခိုက်ခံရသော အိမ်ထောင်စုများကို ပြန်လည်ချိတ်ဆက်နိုင်မည်မဟုတ်ပါ။ အစောဆုံး ဗုဒ္ဓဟူး နေ့ကုန်တွင် ချိတ်ဆက်မှုများ ပြုလုပ်သွားမည်ဖြစ်သည်” ဟု အော်ပရေတာမှ ပြောကြားသည်။
Finistere သည် ဗုဒ္ဓဟူးနေ့တွင် အပူလွန်ကဲမှုအတွက် အမြင့်ဆုံး အနီရောင်သတိပေးချက်အောက်ရှိ ပြင်သစ်ဌာန ၅၈ ခုအနက် တစ်ခုဖြစ်ပြီး ဗုဒ္ဓဟူးနေ့တွင် ဘရစ်တနီမှ ပါရီဒေသအထိ အပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်မှ ၄၁ ဒီဂရီ စင်တီဂရိတ်အထိရှိနိုင်သည်ဟု မျှော်လင့်ရသည်။
ရာသီဥတု အလွန်အမင်းဆိုးရွားမှုကို လေထုနှင့် လည်ပတ်မှုပုံစံများက မောင်းနှင်နေပြီး ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဤအချက်များ ပိုမိုဆိုးရွားလာကြောင်း ကျွမ်းကျင်သူများက ပြောကြားသည်။
Ref: channelnewsasia.com
ယနေ့ခေတ်
ပြင်သစ်နိုင်ငံတွင် အပူလှိုင်းကြောင့် အိမ်ခြေ ၆၈,၀၀၀ လျှပ်စစ်မီးပြတ်တောက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်