ရန်ကုန်၊ မတ် ၁၀
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ဖယောင်းတိုင်ထွန်းရာမှတဆင့် နေအိမ်ခြောက်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မတ်လ ၉ ရက်၊ ည ၉ နာရီကျော်က ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ နံ့သာရပ်တွင် ဖယောင်းတိုင်နှင့် ဘုရားမီးပူဇော်ရာမှ နေအိမ်ခြောက်လုံးနှင့် ဆိုင်ကယ်နှစ်စီး မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
“နေအိမ်ခြောက်လုံးလောင်သွားတာ။ နေအိမ်အပေါ်ထပ်မှာ ဖယောင်းတိုင်ထွန်းပြီး ဘုရာမီးပူဇော်ရာကနေလောင်တာ။ ဆိုင်ကယ်နှစ်စီးလည်းလောင်သွားတယ်။ လူထိခိုက်မှုတော့မရှိပါဘူး။ ဆုံးရှုံးမှုက နှစ်ရာငါးဆယ်ရှစ်သိန်းခန့်ရှိပါတယ်။” ဟု နယ်မြေခံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မီးလောင်မှုသည့် ည ၉ နာရီ၊ ၃၈ မိနစ်တွင် စတင်လောင်ကျွမ်းခဲ့ပြီး၊ ည ၉ နာရီ၊ ၅၇ မိနစ်တွင် မီးထိန်းနိုင်ခဲ့သည်။ အဆိုပါမီးလောင်ကျွမ်းမှုကို နယ်မြေခံမီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းများက ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
မတ်လ ၁၀ ရက်၊ နေ့လည် ၁ နာရီ ၇ မိနစ်ကမန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ ရန်မျိုးအောင်ရပ်ကွက်တွင် နေတစ်လုံးမီးလောင်မှုဖြစ်ခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-MFSD
ယနေ့ခေတ်
ပြည်ကြီးတံခွန်တွင် နေအိမ်ခြောက်လုံး မီးလောင်ကျွမ်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်