ပြည်ပမှခွင့်နှင့်ပြန်လာပြီး အသက်ကန့်သတ်ချက်ဖြင့် အကျုံးဝင်နေသည့် အမျိုးသားများ ပြည်လည်ထွက်ခွင့်မရ

ရန်ကုန်၊ မေ ၇

ပြည်တွင်းသို့ ခွင့်ဖြင့်ပြန်လာသည့် အမျိုးသားများသည် သတ်မှတ်ထားသည့် အသက်ကန့်သတ်ချက်ဖြင့် အကျုံးဝင်နေသည့်အတွက် ပြည်ပထွက်ခွင့်မရကြောင်း အလုပ်သမားဝန် ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ပြည်ပမှခွင့်ဖြင့်ပြန်လာသည့် အမျိုးသားများသည် ပြန်လည်ထွက်ခွာရန် အလုပ်သမားဝန်ကြီးဌာနသို့ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) လျှောက်ထားရာတွင် အသက် ၁၈ နှစ်မှ ၃၅ အတွင်း အကျုံးဝင်နေသည့်အတွက် လျှောက်ထားခွင့်မပြုကြောင်း ဖော်ပြထားသည်။

“ဒီလိုတွေပိတ်လိုက်တော့ ဘယ်သူမှပြန်လာတော့မှာမဟုတ်ဘူး။ တရားဝင်အသိပေးထုတ်ပြန်ထားတာလည်းမရှိဘူး။ တချို့နစ်နာတဲ့အလုပ်သမားတွေ အများကြီးရှိတယ်။ ထွက်ဖို့စောင့်ဆိုင်းနေသူတွေလည်းရှိတယ်။ စာတော့တင်ထားတယ်။ ခွင့်ပြုပေးဖို့” ဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မေလ ၅ ရက်နေ့တွင် OWIC ကတ်လျှောက်ထားသူများထဲက အထောက်အထားပြည့်စုံစွာဖြင့် ပြန်လည်တင်ပြရမည့် အလုပ်သမား ၁၉၂ ဦးရှိကြောင်း၊ ယင်းတို့အထဲတွင် အသက်ကန့်သတ်ချက်အတွင်း အကျုံးဝင်သူ ၂၉ ဦးအပါအဝင် အမည်စာရင်းကွဲလွဲခြင်း၊ ဗီဇာလိုအပ်ခြင်း၊ Work Permit သက်တမ်းကုန်နေခြင်း ၊ COE လိုအပ်ခြင်း၊ EC/DL မပါရှိခြင်း ၊ လေဆိပ်အဝင်/အထွက်တုံးများမပါရှိခြင်း၊ ခွင့်စာလိုအပ်ခြင်း စသည့်စာရွက်စာတမ်း လိုအပ်ချက်ရှိနေကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့မှစတင်ကာ အသက် ၁၈ နှစ်မှ ၃၅နှစ်အကြား အမျိုးသားများကို ပြည်ပထွက် အလုပ်လုပ်ခွင့်မပြုတော့ကြောင်း သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် ပြည်ပအလည်အပတ်နိုင်ငံကူးလက်မှတ် (Passport for Visit-PV) လျှောက်ထားရယူပြီး ပြည်ပအလုပ်အကိုင်ဗီဇာတွေရယူကာ လေကြောင်းခရီးဖြင့် ပြည်ပထွက်ခွာခြင်းကိုလည်း ခွင့်မပြုထားကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – MDN

#ယနေ့ခေတ်

ပြည်ပမှခွင့်နှင့်ပြန်လာပြီး အသက်ကန့်သတ်ချက်ဖြင့် အကျုံးဝင်နေသည့် အမျိုးသားများ ပြည်လည်ထွက်ခွင့်မရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.