ပြီးခဲ့သည့် တစ်လအတွင်း ဧရာဝတီတိုင်းသို့ဝင်လာသည့် ရိုဟင်ဂျာ ၁၀၁ ဦးအထိ ဖမ်းဆီးခံခဲ့ရ

ပုသိမ်၊ စက်တင်ဘာ ၂

ပြီးခဲ့သည့် တစ်လအတွင်း ဧရာဝတီတိုင်းသို့ ဝင်ရောက်လာသည့် အမျိုးသမီးနှင့် ကလေးများအပါအဝင် ရိုဟင်ဂျာ ၁၀၁ ဦးအထိ ဖမ်းဆီးခံခဲ့ရကြောင်း တာဝန်ရှိသူများနှင့် နီးစပ်သူ များထံမှ သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်မှ ၃၁ ရက်အထိ တစ်လအတွင်း ရိုဟင်ဂျာအမျိုးသမီး ၁၂ ဦး၊ အသက် ၁၈ နှစ် အောက်ကလေး ၂၂ ဦး၊ အမျိုးသား ၆၇ ဦး စုစုပေါင်း ၁၀၁ ဦးအထိ ဖမ်း ဆီးခံခဲ့ရကြောင်း သိရသည်။

“ရိုဟင်ဂျာတွေက ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းအဝင် နယ်စပ်ဂိတ်တွေမှာ အဖမ်းခံရတာများတယ်။ ဒီဧရာဝတီတိုင်းဘက်ကို ကုန်းလမ်းနဲ့ ရေလမ်း အမျိုးမျိုးကနေဝင်လာတော့ လိုရာခရီးမရောက်ပဲ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့တွေ့ပြီး အဖမ်းခံရတာ။ တစ်လအတွင်းဆို အယောက် ၁၀၀ ကျော်အထိ အဖမ်းခံထားရတာ။ လက်ရှိသူတို့ကို နယ်မြေရဲစခန်း အသီးသီးမှာ စစ်ဆေးနေတယ်လို့ သိရတယ်။” ဟု တာဝန်ရှိသူများနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

အဖမ်းခံခဲ့ရသည့် ရိုဟင်ဂျာ ၁၀၁ ဦးမှာ သာပေါင်းမြို့နယ်တွင် ၂ ဦး၊ လပွတ္တာမြို့ နယ်တွင် ၇၂ ဦး၊ ကြံခင်းမြို့နယ်တွင် ၂၇ ဦးဖြစ်ကြောင်း၊ ရိုဟင်ဂျာများကိုသက် ဆိုင်ရာရဲစခန်းအ သီးသီးက အမှုဖွင့်အရေးယူ စစ်ဆေးနေကြောင်း သိရသည်။

ရိုဟင်ဂျာများသည် ဧရာဝတီတိုင်းသို့ ငါးဖမ်းစက်လှေများ ဖြင့်ပင်လယ်ပြင်ကိုဖြတ်ကာ ရွှေသောင်ယံ၊ ချောင်းသာ၊ ငွေဆောင်နှင့် ဂေါ်ရန်ဂျီကမ်း‌ခြေများအပြင် ဖျာပုံ၊ ဘိုကလးဒေသ ဘက်သို့ပါ ဝင်ရောက်လျက်ရှိကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

#ဝဏ္ဏ

#ယနေ့ခေတ်

ပြီးခဲ့သည့် တစ်လအတွင်း ဧရာဝတီတိုင်းသို့ဝင်လာသည့် ရိုဟင်ဂျာ ၁၀၁ ဦးအထိ ဖမ်းဆီးခံခဲ့ရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.