ဖားကန့်တွင် မြေစာပုံပြိုကျကာ လူ ၂၀ ကျော်သေဆုံး ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် မြေစာပုံပြိုကျကာ ရေမဆေးကျောက်ရှာဖွေသူ ၂၀ ကျော်သေဆုံးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၆ ရက်၊ ည ၉ နာရီကျော်ခန့်က ဖားကန့်မြို့၊ ကုဋေမှော်တွင် မြေစာပုံပြိုကျကာ ရေမဆေးကျောက်ရှာဖွေသူ ၂၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

“ကျောက်ရှာနေရင်းနဲ့ဖြစ်တာဆိုတော့ လူဦးရေက အတိအကျမသိနိုင်ဘူး။ တစ်ချို့ကတော့ ဒဏ်ရာရတာတွေလည်းများတယ်ပြောတယ်။ သေဆုံးတာများတယ်ပြောတယ်။ အ ယောက်၂၀ ကျော်လောက်ရှိတယ်လို့ပြောတယ်။ အခုကတိတိကျကျမသိရသေးဘူး။ ရှာဖွေရေးတွေတော့ လုပ်နေကြတုန်း။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မြေစာပုံပြိုကျခြင်းကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူများကို ဒေသခံလူမှုကူညီရေးများက ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်နေကြကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၁ ရက်နေ့ နံနက်ပိုင်းကလည်း ဖားကန့်မြို့၊ မှော်စီစာတွင် မြေစာပုံပြိုကျမှုကြောင့် ပျောက်ဆုံးနေသူ ၁၇ ဦးအထိရှိခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်နေ့ကလည်း၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာအနီးတွင် ကျောက်စိမ်းနွံကန်ပြိုကျခဲ့ခြင်းကြောင့် ကလေးငယ်တစ်ဦး ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအပါအဝင်စုစုပေါင်း ၃၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

#ချစ်ချစ်ခိုင်
ဓာတ်ပုံ-CJ
#ယနေ့ခေတ်

ဖားကန့်တွင် မြေစာပုံပြိုကျကာ လူ ၂၀ ကျော်သေဆုံး ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.