ဖျာပုံတွင် မြစ်ရေမြင့်တက်လာခြင်းကြောင့် မြစ်ကမ်းပါးပြိုကျပြီး လူ​နေအိမ်အချို့ပျက်စီး

ရန်ကုန်၊ ​မေ ၃၀

ဧရာဝတီတိုင်း​ဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာတွင် ​မေ ၂၉ ရက်၊ ည​နေ ၅ နာရီက မြစ်​ရေမြင့်တက်ကာ လှိုင်းလုံးကြီးမှု​ကြောင့် မြစ်ကမ်းပါးပြိုကျပြီး လူ​နေအိမ်အချို့ ပျက်စီးဆုံးရှုံးမှုဖြစ်​ပေါ်ခဲ့​ကြောင်း သိရသည်။

အဆိုပါ မြစ်ရေမြင့်တက်ကာ လှိုင်းလုံးများရိုက်ခတ်ခြင်းကြောင့် မြစ်ကမ်းပါးပြိုကျပြီး ဒေါ်ညိမ်း​ကျေးရွာ​၊ ဗန္ဓာပင်​ကျေးရွာ၊ ခါးပြတ်​ကျေးရွာနှင့် သရက်ပင်ဆိပ်ကျေးရွာတို့ရှိ လူ​နေအိမ်များ ပြိုကျပျက်စီးခဲ့​ကြောင်း သိရသည်။

“မုန်တိုင်းငယ်ဝင်​ရောက်လို့ လှိုင်းလုံးကြီးပြီး လူ​နေအိမ်အချို့ ပြိုပျက်ကျခဲ့တယ်။ ပင်လယ်​ရေလှိုင်းဒဏ်​ကြောင့် ကမ်းပါးပြိုကျတယ်။ ဒါ့အပြင် လူ​​နေအိမ်အချို့လဲ ပြိုပျက်သွားပါတယ်။ သောင်ပြင်မှာဆောက်ထားတဲ့ တချို့အိမ်တွေဆိုလည်း အိမ်လုံးကျွတ်ရေထဲမျောကြတယ်” ဟု ​ဒေါ်ညိမ်း​ကျေးရွာ​နေသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အမာမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာတွင် မေ ၂၇ ရက်မှ ​မေ ၂၉ ရက်ထိ သုံးရက်ကြာ အဆက်မပြတ်မိုးရွာသွန်းခြင်းကြောင့် ခါးပြတ်ကျေးရွာတွင် ရေလှိုင်းများဖြစ်ပေါ်ကာ မြစ်ကမ်းပါးပြိုကျပြီး လူနေအိမ် ၁၅ လုံး ပျက်စီးဆုံးရှုံးခဲ့ရ​ကြောင်း သိရသည်။

အလားတူ ဧရာဝတီတိုငး​ဒေသကြီး၊ ဘိုကလေးမြို့နယ်နှင့် လပွတ္တာမြို့နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ပင်လယ်ဒီရေမြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်​ခဲ့​ကြောင်း သိရသည်။

အဆိုပါ ဘိုကလေးမြို့နယ်၊ ဧရာကျေးရွာအုပ်စုနှင့် ရေကျော်ကြီးကျေးရွာတို့တွင် ပင်လယ်ရေလှိုင်းရိုက်ခတ်မှု​ကြောင့် နေအိမ်များရေလွှမ်းမိုးမှုဖြစ်​ပေါ်​ခဲ့​ကြောင်း သိရသည်။

#မြင့်မြတ်​အောင်မြင်

ဓာတ်ပုံ – CJ

#ယနေ့ခေတ်

ဖျာပုံတွင် မြစ်ရေမြင့်တက်လာခြင်းကြောင့် မြစ်ကမ်းပါးပြိုကျပြီး လူ​နေအိမ်အချို့ပျက်စီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.