လာဂွာအီရာ၊ ဇွန် ၃၀
“တိတ်တိတ်နေကြပါ” ဟု ကယ်ဆယ်ရေးသမားများက အော်ဟစ်ပြီး လမ်းမဘက်ကို လက်သီးဆုပ်မြှောက်ကာ လူတိုင်းတိတ်ဆိတ်နေရန် လက်ဟန်ပြခဲ့သည်။
လမ်းပေါ်ကယာဉ်များ ရပ်တန့်သွားသည်။ လူများစကားမပြောကြ။ တူးဖော်သူများလည်း တိတ်ဆိတ်သွားသည်။
ကယ်ဆယ်ရေးသမားတစ်ယောက်က ကွန်ကရစ်ပြားတစ်ခုကို ဖောက်ထွင်းရန်ကြိုးစားရင် အပေါက်ကို နားစွင့်ထားသညိ။ နောက်တစ်ယောက်က မီးအိမ်နှင့် ထိုးပြထားသည်။
ကမ်းရိုးတန်းမြို့ လာဂွာအီရာရှိ လူစည်ကားသည့်လမ်းဘေးတွင်တည်ရှိသော ၁၂ ထပ်အဆောက်အအုံ၏ အပျက်အစီးများအောက်မှ အသက်ရှင်ကျန်ရစ်သူများ၏ အော်ဟစ်သံမျာကို ကြားနိုင်မလား နားစိုက်ထောင်နေကြသည်။
အဆိုပါမြင်ကွင်းသည် ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က ဗင်နီဇွဲလားနိုင်ငံတွင် လှုပ်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၁၇၀၀ သေဆုံးခဲ့သည့် ငလျင်နှစ်ခုကြောင့် အဆိုးရွားဆုံးထိခိုက်ခဲ့ရသည့် နေရာများမှ တစ်ခုတွင်ဖြစ်သည်။
ယာယီသမ္မတ ဒယ်စီ ရိုဒရီဂွက်ဇ်က ယခုလှုပ်ခတ်ခဲ့သည့်ငလျင်နှစ်ခုသည် ဗင်နီဇွဲလားသမိုင်းတွင် “အရက်စက်ဆုံး သဘာဝဘေးအန္တရာယ်” ဟု ခေါ်ဆိုခဲ့သည်။
ပြိုကျသွားသည့် အဆောက်အအုံဘေးတွင်ရပ်နေသည့် မီဂွယ် အော်စကာ နူနက်ဇ်သည် ချစ်ရသူများရှိနေသည့် အဆောက်အအုံထဲတွင် အခြားမိသားစုများနှင့်အတူ စုဝေးနေခဲ့သည်။ မီဂွယ်၏ တစ်ဦးတည်းသောသား အသက် ၃၄ နှစ်အရွယ် အိန်ဂျယ်သည် အဆောက်အအုံထဲမှာ နေထိုင်ခဲ့သည်။

မျှော်လင့်ချက်တွေ ကုန်ဆုံးသွားပြီး ကယ်ဆယ်ရေးသမားများက ဘာမှမကြားရပါ။ တိတ်ဆိတ်မှု ပြီးဆုံးသွားပြီး အလုပ်များပြန်စကြသည်။
“ကျွန်တော့်သားဟာ တခြားရာပေါင်းများစွာလိုပဲ အပျက်အစီးတွေအောက်မှာ ပိတ်မိနေပါတယ်။ ဒါပေမယ့် သူတို့ကိုတူးဖော်ကယ်တင်ဖို့ အာဏာပိုင်တွေရဲ့အကူအညီကို အရေး တကြီး လိုအပ်နေပါတယ်။ ငလျင်ကြောင့် မသေဆုံးခဲ့နိုင်ပေမယ့် အာဏာပိုင်တွေရဲ့ ပေါ့လျော့မှုကြောင့် သေဆုံးသွားတာလားဆိုတာ မြင်ယောင်ကြည့်နိုင်မလား” ဟု မီဂွယ်လ် အော်စကာက ဒေါသတကြီး ပြောသည်။
ကီဗင် မွန်တီလ်လာ၏အိမ်လည်း အဆောက်အအုံထဲတွင်ရှိသည်။ ၎င်းသည် အလုပ်မှာရှိနေသော်လည်း ဇနီးသည် လုဇ်မာရီနှင့် အသက် ၁၆ နှစ်အရွယ်သမီး ဂျိုးလဇ်မာတို့သည် ငလျင်လှုပ်ချိန်တွင် အိမ်မှာရှိနေခဲ့သည်။
“ကယ်ဆယ်ရေးလုပ်ငန်းက အရမ်းနောက်ကျပြီးမှစတင်ခဲ့ပြီး နှေးကွေးခဲ့ပါတယ်။ အစပိုင်းမှာတော့ ရပ်ကွက်ထဲမှာ နေထိုင်သူတွေကပဲ ကူညီဖို့ရောက်လာခဲ့တာပါ။ ရဲတွေက စစ် ဆေးဖို့ပဲ လာခဲ့ပေမယ့် သူတို့က မကူညီခဲ့ပါဘူး။ အစိုးရရဲ့တုံ့ပြန်မှုက စိတ်ပျက်စရာကောင်းပြီး အသုံးမဝင်ခဲ့ပါဘူး” ဟု အသက် ၃၄ နှစ်အရွယ် အမျိုးသားက ပြောကြားသည်။
“ကျွန်တော်တို့ အဲဒီနေရာကို သွားကြည့်တဲ့အခါ ဗင်နီဇွဲလားနဲ့ ကိုလံဘီယာက ကယ်ဆယ်ရေးအဖွဲ့တွေက လုပ်ငန်းတွေ လုပ်ဆောင်နေကြပါတယ်။ မြေတူးစက်နှစ်လုံးအပြင် ကွန်ကရစ်ပြားတွေကိုသယ်နေတဲ့ ကရိန်းတစ်ခုလည်းရှိနေခဲ့ပါတယ်။” ဟု ဆိုသည်။
သို့သော် လမ်းဘေးတွင်စောင့်နေသည့် မိသားစုများက ဒီကြိုးပမ်းမှုမစခင်မှာ အဖိုးတန်နေ့ရက်များ အလဟဿဖြစ်ခဲ့ရကြောင်း ပြောသည်။
“ကျွန်တော် မျှော်လင့်ချက် မဆုံးသေးပေမယ့် ဝမ်းနည်းကြေကွဲမိပါတယ်။ သဘာဝတရားအရ ဖခင်တစ်ယောက်ဟာ သားဖြစ်သူထက် အရင်သေဆုံးသင့်ပါတယ်။ သင့်သား ရုတ်တရက်သေဆုံးသွားရင် မြင်ယောင်ကြည့်ပါ” ဟု မီဂွယ်လ်က ပြောသည်။
အဆိုပါအဆောက်အအုံသည် အစိုးရပိုင်အဆောက်အအုံများထဲက တစ်ခုဖြစ်သည်။ ထို့အပြင် အဆောက်အအုံ၏ ထင်ရှားမှုကလည်း ကယ်ဆယ်ရေးအဖွဲ့များ၏ အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့သည့် အကြောင်းရင်းဖြစ်နိုင်သည်။
အဘယ်ကြောင့်ဆိုသော် လာဂွါအီရာပြည်နယ်၏ အခြားသောအစိတ်အပိုင်းများသို့ ကယ်ဆယ်ရှာဖွေရေးအဖွဲ့များ မရောက်ရှိသေးခြင်းကြောင့်ဖြစ်သည်။
“ကျွန်မတို့ ဒီလစ်ဘတ်သ်နဲ့ လာဂွါအီရာမြို့က ဆေးရုံတစ်ရုံမှာတွေ့ဆုံခဲ့ပြီး ဒဏ်ရာရသူနဲ့ သေဆုံးသူစာရင်းကို စစ်ဆေးနေပါတယ်။ သူမဟာ သူမရဲ့သမီးတွေဖြစ်တဲ့ ဂရေးဒယ်လီစ် (၁၂ နှစ်) နဲ့ “ဂရေးဘယ်လီစ် (၁၃ နှစ်) တို့ကို ရှာဖွေနေပါတယ်။” ဟု သတင်းထောက်တစ်ဦးက ပြောသည်။
ငလျင်လှုပ်ခတ်ချိန်တွင် မိခင်ဖြစ်သူ ဒီလစ်ဘတ်သ်သည် အလုပ်တွင်ရှိနေခဲ့သည်။
မိန်းကလေးများ အိမ်မှာရှိနေမည်ဟု ထင်သော်လည်း အပြင်မှာရှိနေပြီး အသက်ရှင်ကျန်ရစ်ခဲ့ရင်ဆိုသည့် မျှော်လင့်ချက်ဖြင့် နေရာတိုင်းမှာ ရှာဖွေနေသည်။
“ကျွန်မမှာ ဘယ်သူ့ဆီကမှ အကူအညီမရပါဘူး။ အပျက်အစီးတွေကို တူးဖော်ဖို့စက်တွေ ဒါမှမဟုတ် ကယ်ဆယ်ရေးသမားတွေကို မစေလွှတ်ထားပါဘူး။ ချစ်ရသူတွေကိုရှာဖွေဖို့ တစ်ယောက်တည်း ထားခဲ့ရသလိုပါပဲ” ဟု မျက်ရည်များဖြင့်ပြောသည်။

“ကျွန်မရဲ့သမီးတွေက တိတ်ဆိတ်ပြီး စာကြိုးစားတဲ့မိန်းကလေးတွေပါ။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် သူတို့ကို ပြန်လိုချင်ပါတယ်” ဟု သူမက ထပ်လောင်းပြောကြားသည်။
“ကျွန်မတို့ သွားလေရာတိုင်းမှာ နိုင်ငံတော်က စိတ်ပျက်အားငယ်စေတယ်လို့ ဒေသခံတွေက ပြောပါတယ်။” ဟု သတင်းထောက်က ပြောသည်။
ကမ်းရိုးတန်းကို ဝန်းရံထားသည့်လမ်းမပေါ်မှ ဘယ်လို ဟော်ရီဇုန်တေ အဆောက်အဦ၏ အစိတ်အပိုင်းဖြစ်သည့် အထပ်မြင့်တိုက်ခန်းနှစ်ခန်း ပြိုကျသွားခဲ့သည်။ မိသားစုများနှင့် စေတနာ့ဝန်ထမ်းများသည် မျက်နှာဖုံးများနှင့် ရာဘာလက်အိတ်များဝတ်ဆင်ကာ အပျက်အစီးများကြားတွင် ဂေါ်ပြားများနှင့် ကိရိယာတံဆာပလာများဖြင့် တူးဖော်ရန်ကြိုးစားနေ သည်ကို တွေ့မြင်ရသည်။
“ဒီမှာ အနံ့တွေက အရမ်းဆိုးတယ်။ ဒါပေမယ့် ကျွန်တော့်ဦးလေးကို ကျွန်တော်ကြိုးစားရှာနေဆဲပါ။ အပျက်အစီးများအောက်မှာ အသက်ရှင်နေသူတွေ ရှိနေနိုင်တဲ့အခါ ကျွန်တော်တို့ ဘာမှမလုပ်ဘဲ မနေနိုင်ပါဘူး” ဟု ဝီလျှံ ရိုဒရီဂွက်ဇ်က ပြောကြားသည်။ နေရာအများစုတွင် အကူအညီများသည် အလွန်နောက်ကျပြီး အချို့နေရာများတွင် မရောက်ရှိသေးပါ။
ရဲများသည် အဆောက်အအုံအနီးတွင် ရှိနေသော်လည်း ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း သို့မဟုတ် ကူညီခြင်းမရှိပါ။
ဘယ်လို ဟော်ရီဇုန်တေ၏ လမ်းတစ်ဖက်တွင်နေထိုင်ပြီး ၎င်း၏အိမ်လည်း ပျက်စီးသွားသော အသက် ၆၀ အရွယ် ဂျူအန် အာဗန်ဒိုက “အပျက်အစီးများအောက်မှာ ပိတ်မိနေသူတွေရဲ့ အော်ဟစ်သံတွေကို ကျွန်တော်တို့ ကြားခဲ့ရတယ်။ ဒါကြောင့် ကျွန်တော်တို့ အပျက်အစီးတွေကို လက်သည်းတွေနဲ့ကုတ်ခြစ်ပြီး သူတို့ကိုကူညီဖို့ ကြိုးစားခဲ့ကြတယ်” ဟု ပြောကြားသည်။
၎င်းနှင့် တူဖြစ်သူ အန်ယာ မြူးဇစ်တို့ အမျိုးသမီးတစ်ဦးကို အသက်ရှင်လျက် ဆွဲထုတ်နိုင်ခဲ့ပုံကို ရှင်းပြခဲ့သည်။
“ညဘက်မှာ သူမအော်ဟစ်သံကို ကျွန်တော်တို့ကြားခဲ့ရတယ်။ ဒါပေမယ့် မှောင်နေတော့ ဘာမှမလုပ်နိုင်ခဲ့ဘူး။ ဒါကြောင့် နောက်တစ်နေ့မနက်မှာ ကျွန်တော်တို့သွားပြီး သူမကိုရှာဖို့ ကြိုးစားခဲ့တယ်။ အရင်ဆုံး ရေဘူးတစ်ဘူးပေးခဲ့တယ်။ ပြီးတော့ သူမကိုဆွဲထုတ်ဖို့ ကြိုးစားခဲ့တယ်” ဟု သူက ပြောသည်။
ငလျင်လှုပ်ပြီး နှစ်ရက်နီးပါးအကြာ သောကြာနေ့တွင် ပထမဆုံးတရားဝင်ကယ်ဆယ်ရေးအဖွဲ့ ဗင်နီဇွဲလားမီးသတ်သမားများ ရောက်ရှိလာခဲ့သည်။ အယ်လ်ဆာဗေဒိုနှင့် အမေရိကန်မှအဖွဲ့များလည်း ကူညီပေးခဲ့သည်။ အသက်ရှင်ကျန်ရစ်သူအနည်းငယ်ကို ထပ်မံတွေ့ရှိခဲ့ပြီး တနင်္ဂနွေနေ့တွင် ကယ်ဆယ်ရေးလုပ်ငန်းများကို ရပ်ဆိုင်းခဲ့သည်။
ရာပေါင်းများစွာသောသူများသည် အပျက်အစီးများအောက်တွင် သေဆုံးနေဖွယ်ရှိသည်ဟု ဂျူအန်က ခန့်မှန်းထားသည်။
၎င်းတို့၏ ရုပ်အလောင်းများကို ဘယ်တော့မှရှာတွေ့နိုင်မည် မဟုတ်သလို ဤဘေးအန္တရာယ်၏ စစ်မှန်သောပမာဏကို ကျွန်ုပ်တို့ ဘယ်တော့မှမသိရှိနိုင်ပါ။
Ref: bbc.com
ယနေ့ခေတ်
ဗင်နီဇွဲလားအစိုးရသည် ငလျင်ဘေးတုံ့ပြန်တွင် ပေါ့လျော့မှုများရှိသည်ဟု နိုင်ငံသားများ ဒေါသတကြီးစွပ်စွဲ⁹ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်