ဘန်ကောက်မြို့ ရွှေဆိုင်တစ်ခုမှ ဘတ် ၁၁ သန်းတန်ဖိုးရှိရွှေများ ဓားပြတိုက်ခံရ

ဘန်ကောက်၊ ဇန်နဝါရီ ၃၁

ဘန်ကောက်မြို့၊ ဆူကွန်ဗစ် Soi 50 ရှိ ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဘတ် ၁၁.၁ သန်းခန့်တန်ဖိုးရှိ ရွှေလက်ဝတ်ရတနာများနှင့် ငွေသား ၁၇၀,၀၀၀ ဘတ်ခန့်ကို ယူဆောင်သွားသည်။ အဆိုပါ သေနတ်သမားဓားပြတစ်ဦးကို ဘန်ကောက်ရဲတပ်ဖွဲ့က ရှာဖွေနေပြီဖြစ်ကြောင်း ပြောကြားသည်။

Khlong Toey ခရိုင်၊ Lotus ဈေးဝယ်စင်တာရှိ Aurora ရွှေဆိုင်တွင် ဒေသစံ တော်ချိန် ည ၁၁:၃၀ နာရီတွင် ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း ဖရာခနောင်းရဲစ ခန်းမှ ရဲများက ပြောကြားသည်။

စုံစမ်းစစ်ဆေးသူများက ဓားပြသည် အပြာရောင်လက်ရှည်ရှပ်အင်္ကျီနှင့် နေကာဦးထုပ်ဆောင်းထားသော အမျိုးသားတစ်ဦးဖြစ်ကြောင်း ပြောကြားသည်။

သူသည် ဆိုင်ထဲသို့ ဓာတ်ဆီလောင်းပြီး ဝန်ထမ်းများကို သေနတ်ဖြင့်ခြိမ်းခြောက်ကာ အဖိုးတန်ပစ္စည်းများအားလုံးကို ပေးအပ်ရန် ပြောကြားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ထိုအချိန်တွင် ဝန်ထမ်းများသည် ဆိုင်ကိုပိတ်ရန် ပြင်ဆင်နေချိန်ဖြစ်သည်။

ဓားပြသည် စုစုပေါင်း ဘတ် ၁၄၉ သန်း၊ အလေးချိန် (၂.၂ ကီလိုဂရမ်ခန့်) ရှိသောရွှေကို ယူဆောင်သွားခဲ့ပြီး လက်ရှိဈေးနှုန်းအရ ဘတ် ၁၁.၁ သန်းခန့်တန် ဖိုးရှိပြီး ငွေသား ၁၇၀,၀၀၀ ဘတ်ခန့်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

သေနတ်သမားဓားပြ ထွက်ပြေးသွားသောလမ်းကြောင်းကို ခြေရာခံရန် ဖရာခနောင်းရဲများက စောင့်ကြည့်ကင်မရာကို စစ်ဆေးနေကြသည်။

Ref: bangkokpost.com
#ယနေ့ခေတ်

ဘန်ကောက်မြို့ ရွှေဆိုင်တစ်ခုမှ ဘတ် ၁၁ သန်းတန်ဖိုးရှိရွှေများ ဓားပြတိုက်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.