မတ္တရာရှိ ဥဒိန်ရွာ မီးရှို့ခံရပြီး ဒေသခံထောင်ချီ စစ်ရှောင်နေရ

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ဥဒိန်ရွာမှာ ယနေ့နံနက်ပိုင်းက မီးရှို့ခံရပြီး ဒေသခံ​ထောင်ချီ စစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းရှိ စစ်ရှောင်များကို ကူညီသူများထံမှ သိရ သည်။

ယနေ့ နံနက်အစောပိုင်းမှစ၍ ဥဒိန်ရွာမီးရှို့ခံရခြင်းဖြစ်ပြီး အိမ်ခြေငါးဆယ်နီးပါး မီးလောင်ပျက်စီးခဲ့ကာ စစ်ကြောင်းများလည်း ဝင်ရောက်မှုကြောင့် ဒေသခံများ ထောင်ချီ၍ စစ်ဘေး တိမ်းရှောင်ရခြင်းဖြစ်ကြောင်း သိရသည်။

“ ဥဒိန်ရွာမှာ ဒီမနက်စစ်ကြောင်းဝင်ပြီး ရွာမီးရှို့ခံရတာ။ အိမ်ခြေ ၄၉ လုံးခန့် မီးလောင်ပျက်စီးသွားတယ်။ ဥဒိန်ရွာအပြင် အနီးနားရွာတွေက ဒေသခံတွေပါ စစ်ရှောင်နေရတာ။” ဟု ဒေသတွင်း စစ်ဘေးရှောင်ကူညီသူတစ်ဦးက ပြောသည်။

စစ်ကြောင်းများ ဝင်ရောက်မှုကြောင့် တိုက်ပွဲများဖြစ်ပွားမည်ကို စိုးရိမ်၍ ဥဒိန်ရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာခြောက်ရွာထက်မနည်းမှ ဒေသခံထောင်ချီမှာ ဘေးလွတ်ရာသို့ ထွက် ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

ဥဒိန်ရွာနှင့် အနီးတဝိုက်၌ စစ်ကြောင်းများဝင်ရောက်မှုနှင့် ပတ်သတ်၍ မတ္တရာမြို့နယ်အတွင်း နယ်မြေဒေသ တည်ငြိမ်မှုရှိစေရန် နယ်မြေရှင်းလင်းခြင်းလုပ်ငန်းများ လုပ်ဆောင် လျက်ရှိကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

မတ္တရာမြို့နယ်အတွင်း နစကတပ်များနှင့် PDF အဖွဲ့များအကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိပြီး တိုက်ပွဲများဖြစ်ပွားမှုနှင့် စစ်ကြောင်းများ ဝင်ရောက်မှုကြောင့် ဒေသခံများ မကြာခဏ စစ်ဘေးတိမ်းရှောင်ရလေ့ရှိပြီး နေအိမ်အဆောက်အဦများ ပျက်စီးဆုံးရှုံလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

#မောင်ဇော်

ဓာတ်ပုံ – Wetlet informationl network

#ယနေ့ခေတ်

မတ္တရာရှိ ဥဒိန်ရွာ မီးရှို့ခံရပြီး ဒေသခံထောင်ချီ စစ်ရှောင်နေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.