မန္တလေးရှိ ကမ္ဘောဇဘဏ်ခွဲ(၃၇) ဒုတိယအကြိမ် ဓားပြတိုက်ခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ ကမ္ဘောဇဘဏ်ခွဲ(၃၇) ဒုတိယအကြိမ် ဓားပြတိုက်ခံရကြောင်း ဒေသခံများ ၏ပြောပြချက်အရ သိရသည်။

ဖေဖော်ဝါရီ ၂၁ ရက်၊ (ယနေ့)နေ့လယ် ၂ နာရီအချိန်က အမည်မသိအမျိုးသားတစ်ယောက် ဘဏ်အတွင်းသို့ဝင်ရောက်ကာ သေနတ်ပြခြိမ်းခြောက်၍ ငွေကျပ်သိန်း ၁၁၀၀ ကျော်ကို ယူဆောင်ထွက်ပြေးသွားကြောင်း သိရသည်။

“အခုထိတော့ ကျူးလွန်သူကိုမမိသေးဘူး။ လိုက်ပြီးရှာနေကြတယ်။ ရဲတွေလည်း စစ်ဆေးမေးမြန်းနေတယ်။ သူက ဒါနဲ့ဆိုရင်နှစ်ခါရှိပြီ။ ဓားပြတိုက်ခံရတာ။” ဟု မဟာအောင်မြေမြို့နယ်တွင် နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ယခုဓားပြတိုက်ခံရသည့် ကမ္ဘောဇဘဏ်ခွဲ(၃၇)သည် ပြီးခဲ့သည့်ဇန်နဝါရီ ၁၁ ရက်ကလည်း အမည်မသိအမျိုးသားတစ်ဦးက လက်လုပ်ပစ္စတိုသေနတ်ဖြင့် ဓားပြဝင်တိုက်ခံခဲ့ရပြီး ဘဏ်ဝန်ထမ်းများနှင့် အနီးနားရှိပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – CCTV

#ယနေ့ခေတ်

မန္တလေးရှိ ကမ္ဘောဇဘဏ်ခွဲ(၃၇) ဒုတိယအကြိမ် ဓားပြတိုက်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.