ရန်ကုန်၊ မတ် ၂၆
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် ဓာတ်ဆီသိုလှောင်ထားသည့်နေအိမ် မီးလောင်ကျွမ်းခဲ့ပြီး၊ သားဖြစ်သူသေဆုံးကာ မိခင်ဖြစ်သူမှာ မီးလောင်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
မတ်လ ၂၆ ရက်၊ နံနက် ၉ နာရီကျော်က မဟာအောင်မြေမြို့နယ်၊ ၈၇ လမ်း၊ ၃၇ လမ်းကြားတွင် ဓာတ်ဆီသိုလှောင်ထားသည့်နေအိမ် မီးလောင်ကျွမ်းခဲ့ပြီး၊ သားဖြစ်သူမီးလောင်သေဆုံးကာ မိခင်ဖြစ်သူမှာ မီးလောင်ဒဏ်ရာများရရှိခဲ့ကြောင်း သိရ သည်။
“မီးစလောင်တာတော့ သေချာမသိရဘူး။ အိမ်ကတော့ လောင်စာဆီတွေလှောင်ပြီးရောင်းတာလို့တော့ သိရတယ်။ အဲ့အိမ်က အိမ်ရှင်ကလေးလေးကတော့ မီးလောင်ပြီးသေသွားတယ်။ အမေဖြစ်သူကတော့ မီးလောင်ဒဏ်ရာတွေရတယ်။ အိမ်မှာကလောင်စာတွေရှိတော့ မီးကအတော်ပြင်းတယ်။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မီးလောင်မှုသည် နံနက် ၉ နာရီ၊ မိနစ် ၃၀ တွင်စတင်လောင်ကျွမ်းခဲ့ပြီး၊ နံနက် ၉ နာရီ မိနစ် ၅၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။ အဆိုပါ မီးလောင်မှုကို နယ်မြေခံမီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီကယ်ဆယ်ရေးအသင်းများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
မတ်လ ၂ ရက်၊ နံနက် ၂ နာရီကျော်ကလည်း မော်လမြိုင်မြို့ ဈေးကြိုနယ်မြေ ဒေါင်းဇရပ်ရပ်ကွက်၊ တောင်ဝိုင်းလမ်းချိုးတွင် နေအိမ်တစ်လုံး ရေနွေးအိုးအပူလွန်ကဲရာမှတဆင့် မီးလောင်ကျွမ်းခဲ့ပြီး၊ အသက် ၇၀ ဝန်းကျင်ရှိ အဖိုးတစ်ဦးနှင့် အဖွားတစ်ဦး မီးလောင်သေဆုံးကာ၊ သမီးသဖြစ်သူ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-မဏီစလလူမှုကူညီရေးအသင်း
မဟာအောင်မြေမြို့နယ်တွင် ဓာတ်ဆီသိုလှောင်ထားသည့်နေအိမ် မီးလောင်မှုဖြစ်ပွား တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်