မုဒုံမြို့နယ်တွင် ရာဘာသရေကွင်းမှိုင်းခံရုံ မီးလောင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ရာဘာသရေကွင်းမှိုင်းခံရုံ အပူလွန်ကဲရာမှ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၂ ရက်၊ နံနက် ၂ နာရီကျော်က မုဒုံမြို့နယ်၊ မြို့မ(၂)ရပ်ကွက်၊ ကော့ဟဘင်ရပ်၊ ကော့ဟဘင်ဘုရားလမ်းတွင် ရာဘာသရေကွင်းမှိုင်းခံရုံ အပူလွန်ကဲရာမှတဆင့် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

“အခုလောင်တာက သရေပင်းမှိုင်းခံတဲ့ ၁၀ ပေပတ်လည်ရုံ အပူလွန်ကဲပြီးတော့ လောင်တာ။ သရေပင်းလုပ်တဲ့ ပုံစံခွက်မိုတွေကို နေပူမလှန်းပဲနဲ့ မှိုင်းခံပြီးတော့ အခြောက်ခံတာ။ ဆုံးရှုံးမှုတန်ဖိုးကတော့ လေးသိန်းခွဲပါ။ လူထိခိုက်မှုတော့မရှိပါဘူး။” ဟု နယ်မြေခံမီးသတ်တပ်ဖွဲမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မီးလောင်မှုသည် ညနေ ၂ နာရီ၊ ၄၅ မိနစ်တွင် စတင်လောင်ကျွမ်းခဲ့ပြီး၊ ညနေ ၃ နာရီ မိနစ် ၂၀ တွင် ငြိမ်းသွားသည်။ အဆိုပါမီးလောင်ကျွမ်းမှုကို နယ်မြေခံမီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းများက ဝိုင်းဝန်းမီး ငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

#ချစ်ချစ်ခိုင်

ဓာတ်ပုံ-MFSD

#ယနေ့ခေတ်

မုဒုံမြို့နယ်တွင် ရာဘာသရေကွင်းမှိုင်းခံရုံ မီးလောင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.