မြင်းခြံတွင် နေအိမ် ၁၅ လုံး မီးလောင်ကျွမ်း

ရန်ကုန်၊ ဇွန် ၁

မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် နေအိမ် ၁၅ လုံးကို မီးကူးစက်လောင်ကျွမ်းခဲ့ပြီး၊ လူဦးရေ ၅၀ ခန့် မီးဘေးသင့်ခဲ့ကြောင်း သိရသည်။

ဇွန်လ ၁ ရက်၊ နံနက် ၁၂ နာရီ မိနစ် ၅၀ ကျော်ခန့်က မြင်းခြံမြို့၊ အမှတ်(၁၂) ရပ်ကွက်တွင် နေအိမ် ၁၅ လုံး မီးကူးစက်လောင်ကျွမ်းခဲ့ပြီး၊ လူဦးရေ ၅၀ ခန့် မီးဘေးသင့်ခဲ့ပြီး၊ နီးစပ်ရာဆွေမျိုးအိမ်များနှင့် ဘုန်ကြီးကျောင်းတွင် နေထိုင်ကြရကြောင်း သိရသည်။

“မီးကဘယ်စလောင်တာလဲဆိုတာတော့ အခုချိန်ထိသေချာတော့မသိရသေးဘူး။ စုံးစမ်းနေကြတုန်းပါ။ နေအိမ်ကကျတော့ တိုက်အိမ်ကနည်းတယ်။ သစ်သားအိမ်တို့ ထရံကာအိမ်တို့များတယ်။ အဲ့အိမ်တွေက ရေနံချေးတွေဝနေတာဆိုတော့ နေအိမ်ခန့်မှန်းခြေ ၁၅ အိမ်လောက်ရှိမယ်။ မီးဘေးသင့်တဲ့သူတွေ တစ်အိမ်ကိုငါးယောက်နဲ့တွက်ရင်တောင့် ၅၀ ပတ်ဝန်ကျင်လောက်တော့ရှိမယ်ဗျ။ မီးဘေးသင့်တဲ့သူတွေကတော့ ဘုန်းကြီးကျောင်းနဲ့ နီးစပ်ရာဆွေမျိုးသားချင်းအိမ်တွေမှာ နေနေကြတယ်။” ဟု ဒေသသခံလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မီးလောင်မှုသည် နံနက် ၁၂ နာရီ ၅၂ မိနစ် တွင် စတင်လောင်ကျွမ်းခဲ့ပြီး၊ နံနက် ၂ နာရီ မိနစ် ၂၀ တွင်မီးငြိမ်းသွားခဲ့သည်။ အဆိုပါမီးလောင်ကို နယ်မြေခံမီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းများက ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

မီးလောင်ရခြင်း၏အကြောင်းအရင်းကို သက်ဆိုင်ရာမှ စုံးစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ-အဖြူရောင်လက်များအသင်းနှင့် MFSD
ယနေ့ခေတ်

မြင်းခြံတွင် နေအိမ် ၁၅ လုံး မီးလောင်ကျွမ်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.