ရန်ကုန်၊ မေ ၃၀
ကချင်ပြည်နယ်၊ မြစ်နားမြို့အတွင်းရှိ၊ ကျေးရွာအချို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေသခံ ၃၀၀ ကျော်ခန့် ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရကြောင်း ဒေသခံလူမှုကူညီရေးအသင်းမှ သိရသည်။
ယမန်နေ့ နံနက်ပိုင်းက၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အတွင်းရှိ မြင့်ညိမ်းအေး၊ ရမ်ပူ၊ ကြက်ပေါင်းခြံ၊ စသည့်နေရာများတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုများဖြစ်ပေါ်ပြီး၊ ကျေးရွာအတွင်းလူဦးရေ ၃၀၀ ကျော်ခန့် ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ရကြောင်း သိရသည်။
“ရေက မနေ့ကမနက်ပိုင်းကနေ စတက်လာတာ။ ညရောက်တော့ ပိုဆိုးလားတယ်။ ကျေးရွာသုံးနေရာလောက်တော့ရှိမယ်။ အိမ်ခြေကတော့ သေချာမသိဘူး။ ညကတော့ ရေးဘေးရှောင်တာ ၃၀၀ ကျော်၊ ၄၀၀ လောက်တော့ရှိမယ်။ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေကို အဓိကထားပြီး သွားရှောင်ရတာပါ။” ဟု ဒေသခံလူမှုကူရေးအသင်းမှ ယနေ့ခေတ်သို့ ပြောသည်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များနှင့် ဒေသခံလူမှုကူညီရေးအသင်းအချို့ သွားလာရန်အခက်ခဲများရှိနေကြောင်း သိ ရသည်။” ကျွန်တော်တို့ ဒီမနက် ရွာထဲဘက်တော့မရောက်ဖြစ်သေးဘူး။ ဝိုင်းမော်ဘက်က စစ်ဘေးရှောင်တွကို ပစ္စည်းအသယ်အချတွေသွားလုပ်ပေးနေရတာဆိုတော့။ ဒီမနက်တောင် မိုးကတော်တော်သည်းတယ်။ ကျွန်တော်တို့ဘက်မှာတော့ စစ်ပွဲတော့မဖြစ်ဘူး။ ဝိုင်းမော်ကစစ်ဘေးရှောင်တွေက ရေဘေးထက် စစ်ဘေးကိုပိုကြောက်နေတယ်။ တစ်ချို့ဆိုပြောင်းရွေ့မှုတွေ ပေးမလုပ်ဘူး။ အိမ်မှာဆိုလည်း လူတစ်ယောာက်က အမြဲရှိနေမှရတယ်။ အိမ်ဖောက်တာတွေရှိလို့။ ကျွန်တော်တို့တွေလည်း သွားရလာခက်ခဲတာတွေရှိနေတာပေါ့။ အခက်တွေက အကုန်ကိုရှိနေကြတာဆိုတော့ ဘာကိုပြောပြရမှန်တောင်းမသိပါဘူးဗျာ။” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ ယနေ့ခေတ်သို့ ပြောသည်။
ယမန်နေ့ နံနက်ပိုင်းကလည်း ကချင်ပြည်နယ်၊ ချီဖွေကျေးရွာဘက်တွင် မိုသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုများဖြစ်ပေါ်ပြီး၊ လူနေအိမ်အချို့ ပြိုကျ ပျက်စီမှုများခဲ့ကာ၊ ဒေသ ခံများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရကြောင်း သိရသည်။
ကချင်ပြည်နယ်၊ လဟယ်မြို့တွင် မိုသည်းထန်စွာရွာသွန်းမှုကြောင့် ချလွေချောင်းရေကြီးကာ မြေပြိုမှုဖြစ်ပေါ်ပြီး၊ နေအိမ်ခြောက်လုံးထက်မနည်း ရေထဲမျောပါသွားကြောင်း Kachin News Group ၏ သတင်းဖော်ပြချက်အရ သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-ဧရာဝတီကရုဏာ အခမဲ့ လူမှုကူညီရေးအသင်း (မြစ်ကြီးနားမြို့ )
ယနေ့ခေတ်
မြစ်ကြီးနားမြို့နယ်အတွင်း နေရာအချို့တွင် ရေကြီးမှုများဖြစ်ပေါ်၊ ဒေသခံ ၃၀၀ ကျော် ပြောင်းရွေ့နေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်