ရန်ကုန်၊ ဧပြီ ၄
၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုသေဆုံးသူ လူဦးရေ ၂၀၀၀ ကျော်ရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတစ်ဝန်း မကြာခဏဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်လက်နက်အကြွင်းအကျန်များဖြစ်သည့် မြေမြှုပ်မိုင်းပေါက်ကွဲမှုများကြောင့် ထိခိုက်သေဆုံးသူ လူဦးရေ ၂၀၀၀ ကျော်အထိရှိခဲ့ကြောင်း UN OCHOR Myanmar က ထုတ်ပြန်ထားသည်။
ကမ္ဘာပေါ်တွင် ထိခိုက်သေဆုံးမှုအများဆုံးနိုင်ငံအဖြစ် နှစ်နှစ်ဆက်တိုက် မှတ်တမ်းဝင်ခဲ့ပြီး၊ မြေမြှုပ်မိုင်းကြောင့် အမျိုးသမီး၊ အမျိုးသားနှင့် ကလေးငယ်များ၏ အသက်အိုးအိမ်စည်းစိမ်များ နေ့စဉ်နဲ့အမျှ ထိခိုက်ဆုံးရှုံးနေရကြောင်း သိရသည်။
ထို့အပြင် မြေမြှုပ်မိုင်းဒဏ်ကြောင့် သေကံမရောက်ခဲ့သည့်သူများမှာ ခြေလက်အင်္ဂါများဆုံးမှုများကြောင့် သွားလာရေးအခက်အခဲများနှင့် ပတ်ဝန်းကျင်အမြင်များကို နေ့စဉ်ဘဝတွင် ရှင်သန်နေထိုင်ရန် စိန်ခေါ်မှုများစွာ ကြုံတွေ့နေရသည်ဟု UN OCHOR Myanmarက ပြောကြားသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နှင့် ကျောက်ဖြူမြို့နယ်ရှိ ငလုံးစုကျေးရွာတို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်နှင့် ကလေးငယ်အပါအဝင် သေဆုံးသူ ၅၀ နီးပါးရှိခဲ့ပြီး၊ ဒဏ်ရာရရှိသူ ၈၀ နီးပါးရှိခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလကလည်း ပဲခူးမြို့နယ်၊ မုန်းမြို့နှင့် ရေတာရှည်မြို့နယ်၊ ရေငံကျေးရွာတို့တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုနှင့် မြေမြုပ်မိုင်းကြောင့် ကိုယ်ဝန် ဆောင်နှင့် ကလေးငယ်အပါအဝင် ဒဏ်ရာရှိသူ ငါးဦးရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတဝန်း မကြာခဏဖြစ်ပွားနေသည့် လက်နက်ကိုင်တိုက်ပွဲများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၃ ဒဿမ ၅ သန်းခန့်ရှိကြောင်း OCHOR Myanmar ၏ ထုတ်ပြန်ထားချက်အရ သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ- OCHOR Myanmar
ယနေ့ခေတ်
မြန်မာနိုင်ငံတစ်ဝန်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးသူ ၂၀၀၀ ကျော်ရှိဟု OCHOR ထုတ်ပြန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်