ရန်ကုန်၊ မတ် ၁၇
မြန်မာနိုင်ငံတွင်း ၂၀၂၁ ခုနှစ်နောက်ပိုင်း ကလေးသူငယ်များအပါအဝင် လူ ၁၈ သိန်းကျော် စားဝတ်နေရေးအပြင် အကူအညီမဲ့နေကြောင်း ကမ္ဘာကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF Myanmar က မတ် ၁၅ ရက် နေ့စွဲဖြင့် ထုတ်ပြန်ချက်အရ သိရသည်။
“မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ပြည်တွင်းနေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရသူများမှာ ကလေးသူငယ်များအပါအဝင် စားဝတ်နေရေးအတွက် ၁၈ သိန်းကျော် အခက်အခဲ အကျပ်အတည်းများနဲ့ ရင်ဆိုင်ကြုံတွေ့နေရသူများပါတယ်။ ဒီလူတွေအတွက် အကူညီမဲ့ပြီး အရေးပေါ်အကူအညီလိုအပ်နေပါတယ်။” ဟု ကမ္ဘာကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF Myanmar မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်
အဆိုပါ ကလေးသူငယ်များအပါအဝင် လူဦးရေ ၁၈ ဒသမ ၆ သန်းက လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်နေကြောင်း ကမ္ဘာကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိ မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူလူဦးရေ နှစ်သန်းကျော်က အိမ်နီးချင်းနိုင်ငံများသို့ ရွေ့ပြောင်းလျက်ရှိပြီး၊ နှစ်ဘက်တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှာင်သူ ပိုများကြောင်း ကမ္ဘာကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF Myanmar၏ ထုတ်ပြန်၌ ဖော်ပြပါရှိသည်။
မြင့်မြတ်အောင်မြင်
ဓါတ်ပုံ – UNICEF Myanmar
မြန်မာနိုင်ငံတွင် ကလေးသူငယ်များအပါအဝင် လူ ၁၈ သိန်းကျော် အကူညီမဲ့နေကြောင်း UNICEF ထုတ်ပြန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်