ရန်ကုန်၊ ဩဂုတ် ၅
ယာယီသမ္မတ ဦးမြင့်ဆွေ၏ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ဩဂုတ်လ ၅ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်လိုက်သည်။

ယာယီသမ္မတ ဦးမြင့်ဆွေသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း ကိုယ်အလေးချိန် လျော့ကျခြင်း၊ အစာကောင်းစွာမစားနိုင်ခြင်း၊ အဖျားတက်ခြင်း၊ ဦးနှောက်နိုးကြားမှု လျော့နည်းလာခြင်းတို့ကြောင့် ဇူလိုင် ၂၄ ရက်နေ့တွင် အမှတ်(၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) ၌ ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့သည်။
ရောဂါစစ်ဆေးချက်များအရ ယာယီသမ္မတ ဦးမြင့်ဆွေသည် လက်ရှိအခြေအနေ၌ အထူးစိုးရိမ်ဖွယ်ရာအခြေအနေဖြစ်သောကြောင့် အမှတ်(၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) အထူးကြပ်မတ်ကုသဆောင်၌ အထူးကြပ်မတ်ကုသမှုခံယူလျက်ရှိကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက သတင်းထုတ်ပြန်သည်။
ထုတ်ပြန်ချက်အပြည့်အစုံကို မူရင်းအတိုင်းဖော်ပြလိုက်ပါသည်။
ယာယီသမ္မတ ဦးမြင့်ဆွေ၏ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ ကာ/လုံ သတင်းထုတ်ပြန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်