ယီမင်ကပစ်လွှတ်လိုက်သည့်ဒုံးကျည်သည် လေဆိပ်ဧရိယာကို ထိမှန်ခဲ့ကြောင်း အစ္စရေးဆို

တလ်အဗစ်၊ မေ ၄

ယီမင်နိုင်ငံမှပစ်လွှတ်သော ဒုံးကျည်တစ်စင်းသည် အစ္စရေး၏ နိုင်ငံတကာလေဆိပ်အနီးသို့ကျရောက်ခဲ့ပြီး လေကြောင်းသွားလာမှု ခေတ္တရပ်တန့်သွားကာ လက်တုံ့ပြန်သွားမည်ဟု အစ္စရေးအာဏာပိုင်များက ပြောကြားသည်။

ယီမင်နိုင်ငံမှ ဟူသီသူပုန်များက တိုက်ခိုက်မှုအပြီး ဒုံးကျည်ပစ်ခတ်မှုအတွက် တာဝန်ရှိကြောင်း ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

အစ္စရေးစစ်တပ်က ဒုံးကျည်အား ကြားဖြတ်ဟန့်တားရန် ကြိုးပမ်းခဲ့သော်လည်း Ben Gurion အပြည်ပြည်ဆိုင်ရာလေဆိပ်အနီးကိုထိမှန်ခဲ့ကြောင်း အစ္စရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

“ကျွန်တော်တို့နောက်မှာရှိတဲ့ ဧရိယာကို ခင်ဗျားတို့မြင်ရမှာပါ၊ ဒီနေရာက မီးတောင်ပေါက်ကွဲမှုတစ်ခုလို ဖြစ်ပေါ် လာပြီး၊ မီတာများစွာကျယ်ဝန်းပြီး ပေပေါင်းများစွာနက်ပါတယ်” ဟု ရဲတပ်ဖွဲ့၏ခရိုင်အကြီးအကဲ Yair Hezroni က အခင်းဖြစ်ပွားရာနေရာတွင် ပြောကြားခဲ့သည်။

နိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုဆိုင်ရာ အချက်ပေးသံများပေါ်ထွက်လာပြီးနောက် ဂျေရုဆလင်နှင့် လေဆိပ်ဧရိယာများတွင် ပေါက်ကွဲသံများကြားခဲ့ရကြောင်း အေအက်ဖ်ပီသတင်းထောက်များက ပြောကြားသည်။

ဒုံးကျည်ပစ်ခတ်မှုကြောင့် လေယာဉ်ခရီးစဉ်များ ပြတ်တောက်သွားခဲ့ပြီး ခဏအကြာတွင် Ben Gurion မှ ထွက်ခွာနှင့် ဆိုက်ရောက်ခရီးစဉ်များ ပြန်လည်စတင်ခဲ့ကြောင်း အစ္စရေးလေဆိပ်အာဏာပိုင်များက ပြောကြားသည်။

“လေဆိပ်ကိုဖွင့်ထားပြီး ပြန်လည်ပတ်နေပါပြီ” ဟု လေကြောင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Ref: Bangkok Post

#ယနေ့ခေတ်

ယီမင်ကပစ်လွှတ်လိုက်သည့်ဒုံးကျည်သည် လေဆိပ်ဧရိယာကို ထိမှန်ခဲ့ကြောင်း အစ္စရေးဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.