ယူကရိန်းကို တာဝေးပစ်ဒုံးကျည်များ ထောက်ပံ့ပေးရန် ဂျာမနီလွှတ်တော်အမတ်များ ငြင်းဆန်ပယ်ချ

ဘာလင်၊ ဖေဖော်ဝါရီ ၂၃

Taurus အမျိုးအစား ခရုဇ်ဒုံးကျည်များအပါအဝင် ခေတ်မီလက်နက်များ ယူကရိန်းနိုင်ငံကို ကူညီထောက်ပံ့ပေးရန် ဂျာမနီလွှတ်တော်အမတ်များက ငြင်းဆန်ပယ်ချခဲ့ကြောင်း သိ ရသည်။

ဂျာမနီသည် ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးခဲ့သော်လည်း လက်ရှိအချိန်တွင် ထပ်မံကူညီပေးရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။

ဂျာမနီနိုင်ငံသည် စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ဒုတိယအများဆုံး ကူညီထောက်ပံ့ပေးနိုင်သောနိုင်ငံဖြစ်ကြောင်း သိရသည်။

ဂျာမနီ ကာကွယ်ရေးဝန်ကြီး ဘော်ရစ် ပီစတိုရီက “ရုရှားသမ္မတပူတင်ဟာ ဥရောပတိုက်ရဲ့လုံခြုံရေးကို အနာဂတ်မှာလည်း ပိုမိုခြိမ်းခြောက်လာနိုင်တယ်။ ဂျာမနီဟာ အဲဒီခြိမ်း ခြောက်မှုတွေကို တုံ့ပြန်ရမယ်။” ဟု‌ ဆိုသည်။

သို့သော်လည်း ဂျာမနီ လွှတ်တော်အမတ်များသည် ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးလိုသော ဂျာမနီအစိုးရ၏ တောင်းဆိုချက်များကို ငြင်းဆန်ခဲ့ကြောင်းသိရသည်။

ယူကရိန်းစစ်တပ်သည် ရုရှားပိုင်နက်အတွင်းပိုင်းထဲသို့ ရောက်ရှိနိုင်စွမ်းရှိသော ခရုဇ်ဒုံးကျည်များ ကူညီပေးရန် တောင်းဆိုထားသလို အက်ဖ် ၁၆ တိုက်လေယာဉ်များနှင့် တင့်ကားပစ်ကျည်ဆံများ ကူညီထောက်ပံ့ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးရခြင်းကြောင့် ဂျာမနီ၊နိုင်ငံတွင် စစ်လက်နက်ပစ္စည်း ကုန်ခန်းခြင်းများလည်းရှိနေကြောင်း အစောပိုင်းက သတင်းများထွက်ပေါ်ခဲ့သည်။

ဂျာမနီနိုင်ငံတွင် ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးရန်အတွက် အစိုးရနှင့်လွှတ်တော်ကိုယ်စားလှယ်များကြား သဘောထားကွဲလွဲမှုများ ပိုမိုဖြစ်ပွားလာနေကြောင်း သိရသည်။

ရုရှားသည် ပြီးခဲ့သောရက်ပိုင်းက ယူကရိန်းပိုင်နက်အရှေ့ပိုင်းရှိ မြို့တစ်မြို့ကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီးနောက် ယူကရိန်းအစိုးရသည် ဖိအားများစွာဖြင့် ရင်ဆိုင်နေရကြောင်း သိရ သည်။

ကောင်းထက်ငွေ

alarabiya.net/News

ယူကရိန်းကို တာဝေးပစ်ဒုံးကျည်များ ထောက်ပံ့ပေးရန် ဂျာမနီလွှတ်တော်အမတ်များ ငြင်းဆန်ပယ်ချ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.