ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ယာဉ်တိုက်မှုဖြစ် မိန်းကလေးတစ်ဦးသေဆုံး

ရန်ကုန်၊ ‌မတ် ၁၀ ‌

ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ဇေယျာသိရိမြို့နယ်တွင် လမ်းဖြတ်ကူးသည့် အမျိုးသမီးငယ်ကို အဖြူရောင်ကားတစ်စီးက ဝင်‌တိုက်ခဲ့၍ နေရာတွင်သေဆုံးခဲ့ကြောင်း သိရသည်။

ယမန်နေ့ ည ၇ နာရီဝန်းကျင်ခန့်က ဇေယျာသိရိမြို့နယ်၊ ပင်လောင်းလမ်းစုံ၊ သစ်တက်ကျေးရွာအနီးတွင် အသက် ၁၉ နှစ်အရွယ်ရှိ အမျိုးသမီးငယ်ကို အဖြူရောင်ကားတစ်စီးက ဝင်တိုက်ခဲ၍ နေရာတွင်သေဆုံးသွားခဲ့ပြီး၊ ကားမှထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“ဖြစ်စဉ်ကတော့ အနီးနားကသူတွေပြောတာပဲ သိရပါတယ်။ မိန်းကလေးက ကားလမ်းဖြတ်ကူးတဲ့အချိန်မှာ အဖြူရောင်းကားက ဝင်တိုက်သွားတာလို့ သိရပါတယ်။ ကလေးမက ၁၉ နှစ်တော့ရှိပြီ။ ကားကထွက်ပြေးသွားတာ မမှီလိုက်ဘူး။ ကလေးမရဲ့ မိသားစုတွေလည်း သိရပါပြီ။” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ပြောသည်။

သေဆုံးသူ အမျိုးသမီးငယ်၏ ရုပ်အလောင်းကို‌ ကရုဏာရှင်လူမှုကူညီရေးအသင်းနှင့် လူမှုကရုဏာအသင်းတို့က ပြည်‌သူ့ဆေးရုံး‌ကြီး ကုတင် ၁၀၀၀ သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ-ကရုဏာရှင်လူမှုကယညီရေးအသင်း

ယနေ့ခေတ်

ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ယာဉ်တိုက်မှုဖြစ် မိန်းကလေးတစ်ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.