ရေကျော်ပွဲဈေး နိုဝင်ဘာ ၁၉ ရက်နေ့တွင် ပြန်လည်ကျင်းပမည် ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၈

ပုဇွန်တောင်မြို့နယ်၊ ရေကျော်ပွဲဈေးကို နိုဝင်ဘာ ၁၉ ရက်နေ့တွင် ပြန်လည်ကျင်းပသွားရန် ပြင်ဆင်နေကြောင်း ရပ်ကွက်တွင်းနေထိုင်သူများ၏ ပြောပြချက်အရ သိရသည်။

အဆိုပါပွဲဈေး ပြန်လည်ကျင်းပနိုင်ရန်အတွက် သက်ဆိုင်ရာရပ်ကွက်လူကြီးများက ‌ဆွေးနွေးမှုများပြုလုပ်နေပြီး ပွဲဈေးတန်းအတွက် ဆိုင်ခန်းနေရာများကိုလည်း ကြိုတင်ငှားရမ်းမှုများရှိနေကြောင်း သိရသည်။

“၁၉ ရက်နေ့မှာ ပြန်လုပ်မယ်တဲ့။ အခုတော့ လမ်းမပေါ်မှာ ဆိုင်ခန်းတွေအတွက် ထုံးသုတ်ပြီး နေရာချထားပြီးပြီ။ ပုံမှန်ကတော့ သီတင်းကျွတ်မှာလုပ်နေတာပါ။ အခု ဒီနှစ်ကျမှ ကြားရက်ကြီးမှာထလုပ်တာ။” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ရေကျော်ပွဲဈေးကို နှစ်စဉ်သီတင်းကျွတ်ကာလတွင် ကျင်းပလေ့ရှိပြီး လည်ပတ်သူများဖြင့် အလွန်စည်ကားသည့်ပွဲဈေးဖြစ်သည်။

ရေကျော်ပွဲဈေးကို ကိုဗစ်ကာလမတိုင်ခင် ၂၀၁၉ ခုနှစ်တွင် နောက်ဆုံးကျင်းပခဲ့ခြင်းဖြစ်ပြီး၊ လေးနှစ်အကြာတွင် ပြန်လည်ကျင်းပရန် စီစဉ်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။

#စုစု
ဓာတ်ပုံ – Golden Myanmar Bedsheets

#ယနေ့ခေတ်

ရေကျော်ပွဲဈေး နိုဝင်ဘာ ၁၉ ရက်နေ့တွင် ပြန်လည်ကျင်းပမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.