ရန်ကုန်၊ မတ် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းပြီး၊ အဆိုပါမိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်လာနိုင်ကြောင်း မိုး/ဇလမှ၏ ထုတ်ပြန်ထားချက်အရ သိရသည်။
ထို့အပြင် မနက်ဖြန်နံနက်အထိ မိုး/ဇလ၏ခန့်မှန်းအရ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းမည်ဖြစ်ပြီး ကချင်ပြည်နယ်တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန့်ကြားမှုဦးစီးဌာနက ယနေ့ ညနေ ၄ နာရီတွင် ထုတ်ပြန်ထားသည်။
မြန်မာ့ပင်လယ်သည် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိပြီး၊ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၆ ပေခန့်ရှိနိုင်ကြောင်း မိုး/ဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။
နောက်နှစ်ရက်အတွက် ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-မိုးလေဝသနှင့်ဇလဗေဒ ညွန်းကြားမှုဦးစီးဌာန
ယနေ့ခေတ်
ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ပြည်နယ်အချို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး၊ လေပြင်းတိုက်ခိုက်ခြင်းများ ဖြစ်ပေါ်လာနိုင်ဟု မိုး/ဇလမှ ထုတ်ပြန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်