လားရှိုးတွင် မိုးသည်းထန်စွာရွာသွန်းကာ မိုးသီးများကျဆင်း ဟုဆို

ရန်ကုန်၊ မတ် ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မိုးသည်းထန်စွာရွာသွန်းကာ မိုးသီးများပါကျဆင်းပြီး၊ လေပြင်းတိုက်ခိုက်ခြင်းကြောင့် သစ်ပင်းများလဲကျခဲ့ကြောင်း သိရသည်။

မတ်လ ၁၅ ရက်၊ နေ့လည်ပိုင်းက လားရှိုးမြို့တွင် မိုးသည်းထန်စွာရွာသွန်းကာ မိုးသီးများပါကျဆင်းပြီး၊ လေပြင်းတိုက်ခိုက်ခြင်းကြောင့် သစ်ပင်းများလဲကျခဲ့ပြီး၊ လမ်းပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“မိုးသီးတွေက တော်တော်များတယ်ပြောရမယ်။ အိမ်ခေါင်မိုးတောင်ပေါက်တယ်။ မိုးလည်းသည်းတယ်။ မိုးသီးတွေက ပုံမှန်ထက်ပိုကျတယ်။ မိုးရွာတာနဲ့ မိုးသီးတွေပါလာတာ။ လေကလည်းအတော်တိုက်တယ်။ ရပ်ကွက်တော်တော်များများမှာ သစ်ပင်တွေလဲတာတို့၊ သစ်းကိုင်းတွေကျိုးတာတွေကြောင့် လမ်းတွေပိတ်သွားတာရှိတယ်။” ဟု လားရှိုးမြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မိုးသည်းထန်ရွာသွန်ပြီး လေပြင်းတိုက်ခိုက်ခြင်းကြောင့် သစ်ပင်းများလဲကျပြီး လမ်းပိတ်နေခြင်းကြောင့် ဒေသခံလူမှုကူညီရေးအသင်းများက လမ်းရှင်းလင်းရေးလုပ်ငန်းများ ကူညီလုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

အလားတူ မတ်လ ၁၄ ရက်၊ ညနေ ၆ နာရီကျော်ကလည် နမ္မတီးမြို့တွင် လေပြင်းတိုက်ခိုက်ခြင်း၊ မိုးသည်းထန်စွာရွာသွန်ခြင်းနှင့် မိုးသီးများကျဆင်းခဲ့ခြင်းကြောင်း နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အပြင် မတ်လ ၁၃ ရက်နေ့ကလည်း ရန်ကုန်မြို့တွင် လေပြင်းတိုက်ခိုက်ကာ၊ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မိုးသီးများပါကျဆင်းခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နှင့် ရှမ်းပြည် နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန့်ကြားမှုဦးစီးဌာနက ယနေ့ ညနေ ၄ နာရီတွင် ထုတ်ပြန်ထားသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ-ဒေသခံနှင့် ကမ်းလင့်လက်လူမှုကူညီရေးအသင်း(လားရှိုး)
ယနေ့ခေတ်

လားရှိုးတွင် မိုးသည်းထန်စွာရွာသွန်းကာ မိုးသီးများကျဆင်း ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.